Zaw Gyi
ဘုန်းခန့်မင်း တစ်ယောက်ပျော်ရွှင်နေတယ်။
ဘာလို့လဲဆိုတော့ဒီနေ့သူ့ဇနီးငွေနှင်းဖြူ က
ကလေးမွေးတော့မယ်လေ။သူခွဲစိတ်ခန်းရှေ့မှာထိုင်စောင့်နေလိုက်တယ်။
မကြာခင်ခွဲစိတ်ဆရာဝန်ကြီးထွက်လာတော့ ဘုန်းခန့်မင်း မေးလိုက်တယ်။"ဆရာ...ကျွန်တော့်ကလေးနဲ့ဇနီးအခြေအနေရော?"
ခွဲစိတ်ဆရာဝန်ကြီးကစိတ်မကောင်းဟန်နဲ့ ပြောလိုက်တယ်။
"ကျွန်တော်တို့ကလေးကိုတော့ကယ်နိုင်ခဲ့ပေမဲ့ကလေးအမေကိုတော့
မကယ်နိုင်ခဲ့ဘူး။"ဘုန်းခန့်မင်း ငြိမ်ကျမိသွားတယ်။ဒါပေမဲ့သူ့ကလေးအတွက်
အားတင်းထားရမယ်လို့တွေးမိလိုက်တယ်။"ကျွန်တော့်ကလေးကယောကျာ်းလေးလား? မိန်းကလေးလားဟင်?"
ခွဲစိတ်ဆရာဝန်ကြီးမှ "ယောကျာ်းလေးမွေးတယ်။ကလေးအမေကဆုံးသွားပေမဲ့
ကလေးကို အချိန်မှီကယ်နိုင်ခဲ့လို့တော်သေးတယ်။"ဘုန်းခန့်မင်း ပြုံးမိလိုက်တယ်။
တကယ်တော့ဒီကလေးကသူ့ကလေးမဟုတ်ဘူးဆိုတာကို
သူသာအသိဆုံးပါလေ။သူ သူ့ဇနီးငွေနှင်းဖြုရဲ့ဒိုင်ယာရီစာအုပ်ကိုဖတ်ကြည့်ခဲ့ပြီးပြီ။
ကလေးကသူမရဲ့အမှားအယွင်းတစ်ခုကြောင့်ရလာတာဆိုပေမယ့်
ဘုန်းခန့်မင်း အနည်းငယ်တော့တုန်လှုပ်မိသွားတာတော့ အမှန်ပင်။
ဒါပေမဲ့ သူချစ်တဲ့မိန်းကလေးဆိုတော့လည်းမသိချင်ယောင်ဆောင်နေမိတာ
အခုသူမမွေးတဲ့နေ့အထိပင်။ဘုန်းခန့်မင်း ခွဲစိတ်ခန်းထဲကထွက်လာတဲ့သူ့ဇနီး
ငွေနှင်းဖြူ ရဲ့ရုပ်အလောင်းကိုကြည့်ပြီးကတိပြုလိုက်မိတယ်။*စိတ်ချပါ။နှင်း မင်းရဲ့ကလေးလေးကိုကိုယ်အတတ်နိုင်ဆုံး
စောင့်ရှောက်ပေးသွားမှာပါ။*
YOU ARE READING
ချစ်ရပါသော ကလေးငယ်[Complete]
RomanceStepfather & Son love. Owncreation.Not Fanfic!!! Cover Photo is not mine.From Pinterest.Credit To Original Owner.