Part-4

10.9K 555 2
                                    

Zaw Gyi

ဘုန်းခန့်မင်း ရုံးကို​ရောက်​ပြီးနောက်ပိုင်း အလုပ်​ကိစ္စ​တွေလုပ်​ရင်းနဲ့
နာရီတစ်​ချက်​ကြည့်​မိ​တော့နှိုင်းဝသုန်​​လေး​ အတန်းဆင်း​တော့မှာမို့လို့
အတွင်း​ရေးမှုးကိုလှမ်း​ခေါ်ပြီး

"မင်းကိုငါ့အလုပ်​​တွေလွှဲခဲ့မယ်​။သေ​သေချာချာလုပ်​။
ငါစိတ်​ချမယ်​။"

အတွင်း​ရေးမှုးလည်း
"ဟုတ်​ကဲ့။boss."

သူတက္ကသိုလ်​နားကို​ရောက်​​တော့နှိုင်းဝသုန်​တို့ဆင်း​တဲ့အချိန်
မ​ရောက်​​သေးလို့ကားထဲမှာထိုင်​ကာ​စောင့်​​နေလိုက်​တယ်​။

နှိုင်းဝသုန်​ကသူတက္ကသိုလ်​စတက်​ကတည်းကသူ့ဘာသာသူ
ကား​ပေါ်ဘဲ လာမယ်ဆိုပြီးတော့ ဘုန်းမင်းခန့်ကိုကားထဲမှာပဲ​စောင့်​ခိုင်းတယ်။

နှိုင်းဝသုန်​မနည်းတိုးထွက်​လာရတယ်​။သူ့ခန္ဓာကိုယ်​​လေးကပိစိ​လေးကိုး။

သူကားထဲ​ရောက်​​တော့မှဟူးခနဲ​လေမှုတ်​ထုတ်​ကာ​ရေဘူးကိုထုတ်​ပြီး
ရေ​သောက်​မိလိုက်​တယ်​။
အဲ့ကျ​တော့မှ ဘုန်းခန့်မင်းကကားစက်ကို​နိုးရင်းနဲ့

"ဒီ​နေ့သင်​တဲ့စာ​တွေအမီလိုက်​နိုင်​လား?ကလေး။"

နှိုင်းဝသုန်​က"ဆရာမသင်​တာ​တွေသိပ်​နားမလည်​ဘူး။ဒယ်​ဒီ"

ဘုန်းခန့်မင်း ခေတ္တ​တွေး​တောပြီး "အဲ့စာ​တွေဒယ်​ဒီသင်ပေးရမလား?"

နှိုင်းဝသုန်​မျက်​လုံးကလယ်​ကလယ်​နဲ့ "ဒယ်​ဒီကစာ​တွေရှင်းပြတတ်​လို့လား?"

ဘုန်းခန့်မင်း ပြုံးမိရတယ်။

"ဒယ်​ဒီ့ကိုအထင်​​သေးတာလား?"

နှိုင်းဝသုန်​​ခေါင်းကိုသွင်သွင်ခါရင်း "မဟုတ်​ရပါဘူး။ဒယ်​ဒီ။"

ဘုန်းခန့်မင်း ဘာမှဆက်​မ​ပြော​တော့ဘဲနှိုင်းဝသုန်​ကိုကားခါးပတ်​သာ
ကူပတ်​​ပေးလိုက်ပြီးအိမ်ကိုပြန်​လာခဲ့တယ်​။

ညစာစားဖို့နှိုင်းဝသုန်​ကကိုယ်​တိုင်​ချက်​ပြုတ်​နေတယ်။
ချက်ပြုတ်လို့ပြီးတော့ ဘုန်းခန့်မင်းရဲ့အ​​ရှေ့ကိုချ​ပေးပြီးတော့

ချစ်​ရပါ​သော က​လေးငယ်​[Complete]Where stories live. Discover now