Zaw Gyi
ဘုန်းခန့်မင်းရဲ့အမေအတန်ငယ်တော့အံ့သြသွားပေမဲ့သူမလည်း
တရားနဲ့ဖြေသိမ့်ရမယ်လို့တွေးမိပြီး"သား တရားနဲ့သာဖြေပါကွယ်။ကလေးကအခု အမေမရှိတော့ရှာဘူးဆိုတော့
မင်းပဲ သူ့ကိုပိုတာဝန်ယူထိန်းကျောင်းပေးရတော့မှာ။"ဘုန်းခန့်မင်းလည်းသူ့ရဲ့အသံကိုထိန်းလိုက်ပြီး "ဟုတ်ကဲ့ပါ။မေမေ။"
ဒီလိုနဲ့ သုံးရက်မြောက်နေ့ရောက်တော့ ဆရာဝန်ကြီးက ကလေး
အန္တရာယ်ကင်းပြီဆိုတာ သေချာလို့ ဆင်းခွင့်ပြုပေးလိုက်တယ်။အဲ့ဒါနဲ့ ဘုန်းခန့်မင်းရယ်၊သူ့အမေရယ်၊ကလေးလေးရယ်က ဆေးရုံကနေ
ဆင်းလာခဲ့ကြတယ်။ဘုန်းခန့်မင်းရဲ့အဖေကတော့သူငယ်စဉ်တုန်းကဆုံးသွားတာကြောင့်
အိမ်မှာမရှိတော့။
ဒါပေမဲ့ ဘိုးဘေးအစဉ်အဆက်အမွေတွေကရှိနေတာကြောင့်
အမေက သူ့ကိုပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ်။ကုမ္မဏီလုပ်ငန်းတွေကသူအရွယ်ရောက်လာမှ
ဆက်ခံရမှာဖြစ်ပြီးတော့ အခုတော့ဆက်ခံပြီးသွားခဲ့ပြီဖြစ်တယ်။အိမ်မရောက်ခင် ကားပေါ်မှာနှိုင်းဝသုန်ဆိုတဲ့ကလေးလေးကတော့
နို့ဘူးလေးစို့ရင်းငြိမ်သက်လို့နေတယ်။သူ့အမေကတော့ "ငါလည်းအသက်ကြီးနေပြီ။ မကြာခင်နင့်အဖေနောက်ကို
လိုက်သွားရဦးမှာ။အဲ့အခါကျရင် နင်ကလေးကိုဒီ့ထက်ပိုစောင့်ရှောက်ပေးရမယ်။"
ဆိုပြီး ဘုန်းခန့်မင်းကို မှာတမ်းစကားတွေခြွေနေလေရဲ့။[A/N-ကိုယ်ဖိရင်ဖိစောင့်ရှောက်ပေးမှာ။😆စိတ်မပူနဲ့။]
ဘုန်းခန့်မင်းလည်းကားမောင်းနေရင်း " ဟုတ်ကဲ့ အမေ "ဟူ၍ပြန်ဖြေလိုက်သည်။
အိမ်ပြန်ရောက်တော့ ဘုန်းခန့်မင်းရဲ့အမေကနှိုင်းဝသုန်လေးကိုပွေ့ချီပြီးတော့
အရင်ဆင်းသွား၏။ကျန်ခဲ့တဲ့ ဘုန်းခန့်မင်းကတော့ကားကိုသေချာ parking ထိုးပြီးမှပဲ
ကားပေါ်ကနေဆင်းပြီးတော့ အိမ်ထဲဝင်လိုက်တယ်။
YOU ARE READING
ချစ်ရပါသော ကလေးငယ်[Complete]
RomanceStepfather & Son love. Owncreation.Not Fanfic!!! Cover Photo is not mine.From Pinterest.Credit To Original Owner.