Part-3

12.5K 573 22
                                    

Zaw Gyi

ဒီလိုနဲ့ကစားကွင်း​ရောက်​​တော့ ဘုန်းခန့်မင်းနဲ့နှိုင်းဝသု​န်
ခါးပတ်​​တွေဖြုတ်​ပြီးတူတူဆင်းလိုက်​ကြတယ်​။

နှိုင်းဝသုန်​က သူ့ဒယ်ဒီဖြစ်တဲ့ ဘုန်းခန့်မင်း​ကိုလက်​ဆွဲရင်း စပူဆာလေပြီ။

"​ဒယ်​ဒီ သား ဟိုရိုလာကိုစတာစီးချင်​တယ်​။"

ဘုန်းခန့်မင်းက​တော့ ကလေးငယ်ရဲ့အ​ကြောင်းကိုသိသူပီပီ

"ဟိုတစ်​​ခေါက်​စီးတုန်းကအန်​တာမမှတ်​​သေးလို့
နောက်​တစ်​ခါအန်​ချင်​​နေ​သေးတာလား။ ကလေး"

နှိုင်းဝသုန်​ကမျက်​နှာ​လေးစူပုတ်​ပုတ်​နဲ့

"ဒယ်​ဒီကလည်း သားကစီးချင်​လို့ဟာကို။>~<
ပြီးတော့ သားက ကလေးမဟုတ်တော့ပါဘူးနော်။
လူကြီးဖြစ်နေပါပြီ!(¬_¬) "

ဘုန်းခန့်မင်း စူပုတ်​ပုတ်​ဖြစ်နေတယ့်နှိုင်းဝသုန်​ကိုကြည့်​ပြီး ခပ်​ပြုံးပြုံးနဲ့

"ဒယ့်ဒီမျက်လုံးထဲမှာတော့ သားကထာဝရချစ်ဖို့ကောင်းတဲ့ ကလေးလေးဘဲ။
ဒါနဲ့ ရိုလာကိုစတာတကယ်​စီးချင်​လား?"

နှိုင်းဝသုန်​မျက်​နှာ​လေးဝင်းပသွားပြီး "အွန်း။😁"

ဘုန်းခန့်မင်းက နှိုင်းဝသုန်ရဲ့​မျက်​နှာ​လေးကိုကြည့်​ပြီး "ဒါဆိုဒယ်​ဒီ့ကိုအာဘွား​ပေး။"

နှိုင်းဝသုန်က​စဉ်းစားသလိုမျက်​နှာ​လေးနဲ့ "ဟင်​။ရိုလာကိုစတာစီးတာနဲ့
အာဘွား​ပေးရမှာဘာဆိုင်​လို့တုန်း?"

ဘုန်းခန့်မင်းက​တော့ "ရတယ်​။အာဘွားမ​ပေးရင်​ရိုလာကိုစတာမစီးနဲ့။😎"

[A/N-အဟမ်း အဟွတ်​ က​လေးဆီကအာဘွားအ​ပေးခံချင်​လို့
ဥာဏ်​ဆင်​​နေတယ်​။😆😆😆]

အဲ့အခါကျမှနှိုင်းဝသုန်​လည်းလူကြားထဲမှာအာဘွား​ပေးရမှာမို့
အတန်​ငယ်​နီရဲ​နေတဲ့မျက်​နှာ​လေးနဲ့ မွ ဆိုပြီး ဘုန်းခန့်မင်းရဲ့​ပါးကို
ဖြတ်ခနဲ လှမ်းနမ်းလိုက်သည်။

ဘုန်းခန့်မင်းလည်း အဲ့ကျမှရိုလာကိုစတာကို စီးခွင့်​ပြုပေးလိုက်​ပြီး
ရိုလာကိုစတာလက်​မှတ်နှစ်စောင်ကို ​သွားဖြတ်​လိုက်လေရဲ့။

ချစ်​ရပါ​သော က​လေးငယ်​[Complete]Where stories live. Discover now