Extra-6

8.5K 312 4
                                    

Zaw Gyi

ဘုန်းခန့်မင်း  သူ့က​လေးနှိုင်းဝသုန်​စာ​မေးပွဲပြီးရင်
ပြင်​ဦးလွင်​​ခေါ်သွားဖို့ရာ​တွေးလိုက်​ပြီးလုပ်​စရာအလုပ်
တွေလက်​စအမြန်​သတ်​​နေမိတယ်​။

နှိုင်းဝသုန်​က​တော့စာ​တွေကျက်​​နေဆဲ။

ဒီလိုနဲ့နှိုင်းဝသုန်​လည်းစာ​မေးပွဲအပြီး ဘုန်းမင်းခန့်လည်း
အလုပ်​​တွေလက်​စသတ်​ပြီးတာ​ကြောင့်​ပြင်​ဦးလွင်​မြို့ကို
ကားနဲ့နှစ်​​ယောက်​သားချီတက်​လာကြတယ်​။

ပြင်​ဦးလွင်​​သို့နံနက်ခင်း​​​ရောက်​​သွားတော့​ဆောင်းတွင်း​မို့လို့ထင်​။
ချမ်းစိမ့်​စိမ့်​ဖြစ်​လို့နေတယ်။

ဘိုကင်​ကြိုချိတ်​ထားတဲ့တည်းခိုခန်း​ရောက်​လို့
ဘုန်းခန့်မင်း  သူ့​ဘေးနားကနှိုင်းဝသုန်​ကိုကြည့်​မိ​တော့
အေး​နေလို့ထင်​ပါရဲ့။နှုတ်​ခမ်း​လေး​တွေ​တောင်
ပြာနှမ်းနှမ်းဖြစ်​ချင်​​နေသလိုလို။

သူခရီးသွားအိတ်​ထဲမှအ​နွေးထည်​ကိုထုတ်​​ပေးကာ
နှိုင်းဝသုန်​ကိုဝတ်​​ပေးလိုက်​ပြီး​နွေးသွား​အောင်​သူ့ကိုယ်​နဲ့
ဖက်​​ပေးထားလိုက်တယ်။

အချိန်​အနည်းငယ်​​ကြာ​တော့နှိုင်းဝသုန်​က​နွေး​ထွေးသွား
သည်​မို့လို့ ဘုန်းခန့်မင်းကိုအပြင်​ထွက်​ပြီး​လျှောက်​လည်​ချင်​​တဲ့အကြောင်း
ပူဆာ​​တော့လေတယ်။

ဘုန်းခန့်မင်း စိတ်မချ​ပေမယ့် ပြောလို့ရမယ်လို့လည်း
မထင်​တာ​ကြောင့်​နှိုင်းဝသုန်​ကို​နွေး​အောင်​နားကြပ်​တပ်​​ပေးပြီး
ဦးထုပ်​​ဆောင်း​ပေးကာသူကိုယ်​တိုင်​လည်း​နွေး​နွေး​ထွေး​ထွေးဝတ်​ပြီး
အပြင်​ကို နှိုင်းဝသုန်​နဲ့အတူတူ​လျှောက်​လည်​ကြတယ်။

ရောက်​တဲ့​နေရာတိုင်းဓာတ်​ပုံရိုက်​ခိုင်းတဲ့နှိုင်းဝသုန်​​ကြောင့်
ဘုန်းခန့်မင်းခမျာလည်း photographer ကြီးလုံးလုံးကြီးကို
ဖြစ်​လို့​နေ​လေရဲ့။

ပန်းပွင့်​​တွေအကြားပန်းရနံ့ကိုရှုရှိုက်​​နေတဲ့နှိုင်းဝသုန်
ပုံစံ​လေးဟာချစ်​ဖို့​ကောင်းလှသည်​မို့ ဘုန်းခန့်မင်း
ဖျတ်​ခနဲဓာတ်​ပုံရိုက်​မိလိုက်တယ်။

ချစ်​ရပါ​သော က​လေးငယ်​[Complete]Where stories live. Discover now