Love

32 1 0
                                    

ချစ်တယ်ဆိုတာကို ဒီတိုင်းချစ်တယ်ဆိုတာလေးမှာပဲ
ရပ်လိုက် ရယူခြင်းတွေ ပိုင်ဆိုင်ခြင်းတွေ ပေးဆပ်ခြင်းတွေ စွန့်လွှတ်ခြင်းတွေကို မေ့ထား မင်းပူလောင်မှု ဒဏ်ကို ရှောင်နိုင်လိမ့်မယ်

ချစ်တာကို ချစ်တဲ့တိုင်းလေးပဲထား ငါ့အတွက်ဆိုတာတွေ မတွေးနဲ့ အတ္တတွေ မာနတွေ လွှမ်းမိုး မခံနဲ့ မင်းနှလုံးသား ဖြူစင်ဆဲ ဖြစ်နေမယ်

တကယ်တော့ ရိုးရှင်းပါတယ် ချစ်တာကို ချစ်တယ်ဆိုတာလေးမှာရပ်ထားရင် နောက်ဆက်တွဲ နာကျင်တာတွေ ခံစားတာတွေ ပူလောင်သောက ရောက်နေရမှာတွေ ဖြစ်လာမှာမဟုတ်ဘူး

ဒါပေမယ့် ခင်ဗျားသိလား ကျနော် ဒီတိုင်းလေး ရပ်မထားနိုင်ဘူး လူဆိုပြီးဖြစ်လာမှတော့ အတ္တတွေ တစ်ကိုယ်ခေါင်းဆန်တာတွေ ကပ်ပါလာတယ်
ဒီတိုင်းလေး ချစ်တယ်ဆိုတာမှာ ရပ်မထားနိုင်ခဲ့ဘူးကွယ်

ကိုယ်အတ္တကြီးခဲ့ပါတယ်

25.8.18
Amour

Amour...Where stories live. Discover now