Just You

13 0 0
                                    

ရူးလောက်အောင် လွမ်းတာမျိုးတော့ရှိတာပေါ့
လူကြီးတွေပြောကြတယ်....
လွမ်းစရာရှိရင် နာစရာနဲ့ဖြေ တဲ့
ခင်ဗျားနဲ့ပတ်သက်လို့ နာစရာတွေများခဲ့လဲ
အဲ့ဒီ နာစရာတွေတွေးရင်းနဲ့ကို လွမ်းရပါတယ်

ခင်ဗျားကိုဘာကြောင့်ချစ်တာလဲဆိုတဲ့ မေးခွန်းတွေအတွက် ဖြေစရာ အဖြေရယ်လို့ ရှာမတွေ့ခဲ့ဘူး.....

ခင်ဗျားဖြစ်နေလို့ ခင်ဗျားမို့လို့ကို ချစ်နေရပါသတဲ့
နှလုံးသားလေးက ပြောရှာတယ်...

ခင်ဗျားနဲ့ပတ်သက်လာရင် အသေးအဖွဲလေးက အစ အကဲပိုတတ်တဲ့ ဒီလူက အခြားသူတွေနဲ့ဆို
သွေးအေးလူသားဆိုတာ ခင်ဗျားမသိလေရော့သလား....

ခင်ဗျားတွက်ဆို အတ္တတွေ မာနတွေ အကုန် ခဝါချထားတာ ဒီလူပါ....
ခင်ဗျားတစ်ယောက်ပဲ မမြင်နိုင်ခဲ့တဲ့ ကျနော့်ရဲ့ ချစ်ခြင်းမေတ္တာတွေပါ....

ခင်ဗျားတစ်ချက်မှ ဂရုမစိုက် လှည့်မကြည့်ခဲ့တဲ့ ဒီနှလုံးသားရဲ့ နာဖျားမှုတွေ.....
ခင်ဗျားဆက်ပြီး ဥပက္ခာပြုနိုင်ပါစေ.....

နှလုံးသားလေးကတော့ ပြောနေရှာရဲ့....
ခင်ဗျားမို့လို့ ခင်ဗျားဖြစ်နေလို့ကို ချစ်နေရပါသတဲ့...

Amour

Amour...Where stories live. Discover now