My Familiar Stranger

6 0 0
                                    

ဝေးခဲ့ကြပြီးပြီပဲ
တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေကြောင့်
လွမ်းရုံကလွဲ ဘာများတတ်နိုင်မှာလဲ

ကျောခိုင်းကြပြီးပြီပဲ
အမှတ်မထင် မျက်နှာချင်းဆိုင်တွေ့တဲ့ခါ
ပြုံးပြရုံကလွဲ ဘာများတတ်နိုင်မှာလဲ

စွန့်လွှတ်ခဲ့ပြီးပြီပဲ
မတော်တဆ အိပ်မက်တွေထဲပါလာတဲ့အခါ
တိတ်တိတ်လေး စိတ်ပူရုံကလွဲ ဘာများတတ်နိုင်မှာလဲ

တစ်ချိန်တစ်ခါက အရင်းနှီးဆုံး သူစိမ်းလေး
ခုချိန်မှာ အဝေးဆုံးက သူစိမ်းလေး
ငါ့ရင်ထဲက အမြစ်တွယ်နေတဲ့ သူစိမ်းလေး
အဲ့ဒီသူစိမ်းလေးကတော့ ကိုယ်မရှိတဲ့ ရပ်ဝန်းမှာ
ပျော်နေလေရဲ့.....

Amour
19.9.19

Amour...Where stories live. Discover now