သတိရတယ်...........
ညဆိုစောစောအိပ်ဖို့ပြောပြီး မနက်ဆိုစောစောထဖို့
ဖုန်းဆက်နှိုးတတ်တဲ့ မင်းကို သတိရတယ်မနက်စာသေချာစားဖို့ အမြဲမှာတဲ့ မင်းကို
သတိရတယ်ကော်ဖီအရမ်းကြိုက်တဲ့ငါ့ကို လျော့သောက်ဖို့
အမြဲမှာပြီး ကော်ဖီသောက်တိုင်း မလွန်အောင်
ဘေးကနေ အမြဲသတိပေးတဲ့ မင်းကို သတိရတယ်ထမင်းသေချာမစားတဲ့ငါ့ကို ပွစိပွစိပြောပြီး
ကောင်းကောင်းစားဖို့ပြောတဲ့ မင်းကို သတိရတယ်အပြင်သွားတဲ့ခါ လက်တိုလေးပဲဝတ်ရင် အပေါ်ထပ်ဝတ်ဖို့
ပြောတတ်တဲ့မင်းကို သတိရတယ်ခရီးတွေသွားတဲ့အခါ အပေါ်ထပ်လက်ရှည်အပါးလေးတွေ
ထည့်သွားဖို့ အမြဲမှာတဲ့ မင်းကို သတိရတယ်Wine ကြိုက်တဲ့ငါ့ကို အများကြီးမသောက်ဖို့ Alcohol ပါတာတွေမသောက်ဖို့ အမြဲသတိပေးတဲ့ မင်းကို သတိရတယ်
ကလေးဆန်လွန်းတဲ့ငါ့ကို ကလေးမဆန်ဖို့ ဆုံးမတတ်တဲ့
မင်းကို သတိရတယ်Overthinking ဖြစ်လွန်းတဲ့ငါ့ကို နားလည်အောင် အမြဲ ရှင်ုးပတတ်တဲ့ မင်းကို သတိရတယ်
အဝတ်အစားသေချာဝတ်ဖို့ ကိုယ့်ကိုယ်ကို လှလှပပနေတတ်ဖို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ ပြောပေးတတ်တဲ့ မင်းကို
သတိရတယ်အသုံးအဖြုန်းကြီးတဲ့ငါ့ကို မလိုတာတွေမဝယ်ဖို့ ပေါက်တက်ကရတွေ လျှောက်မသုံးဖို့ အမြဲမှာတဲ့ မင်းကို သတိရတယ်
ညဘက်တွေလျှောက်မသွားဖို့ တစ်ယောက်ထဲထင်ရာတွေ
မလုပ်ဖို့ လူတွေကိုသတိထားဖို့ ပြောပြတတ်တဲ့ မင်းကို
သတိရတယ်ငါ့ကိုအမြဲနားလည်ပေး သည်းခံပေး ချစ်ပေးပြီး ငါဆိုးသမျှခွင့်လွှတ်ပေးခဲ့တဲ့ မင်းကိုသတိရတယ်
မင်းကိုပဲချစ်တော့မယ်ဆိုမှ မဖြစ်နိုင်တော့ဘူးဆိုပြီး
ထားသွားခဲ့တဲ့ မင်းကိုလည်း သတိရနေပါတယ်......Amour
17.2.20