Phone Call

20 2 0
                                    

"ညကမင်းကို အိပ်မက်မက်တယ် နေရောကောင်းရဲ့လား
တစ်ခုခုများဖြစ်နေလား စိတ်ပူလို့ ဖုန်းဆက်လိုက်တာ" ဆိုပြီး
အကြောင်းပြချက်လေးတွေနဲ့ ဖုန်းလှမ်းလှမ်းဆက်တတ်တဲ့
ခင်ဗျားကို ကျနော် တကယ်လွမ်းနေပါတယ်.......

နေရာသစ် ရင်ခွင်သစ်မှာ အချစ်သစ်တွေနဲ့
ခင်ဗျားတစ်ယောက်ပျော်နေမလား
ဒါမှမဟုတ် ကျနော့်ကို အိပ်မက်ထဲထည့်မက်တုန်းလား....

အချစ်ကို အချစ်လို့ ရိုးသားစွာ ခေါင်းစဉ်မတပ်ရဲခဲ့တဲ့ဘဝမှာ
ကျနော်ကတော့ဖြင့် နောင်တတရားအနည်းငယ်
ရခဲ့တယ် ထင်ပါရဲ့ နေလို့မကောင်းတဲ့နေ့တွေဆို
ခင်ဗျားကို တမ်းတမိနေတုန်း..........

အချစ်ကို အချစ်လို့ ဝန်မခံရဲတဲ့နောက် အဖြူရောင်စည်းတွေ
အထပ်ထပ်တားလို့ ကိုယ့်နှလုံးသားကို အကျဉ်းချထားမိတာ
ကျနော်သိပ်များမှားသွားလား..........

အချစ်ကို အချစ်လို့ လက်မခံရဲခဲ့တဲ့နောက်မှာတော့
ကျနော်တို့ လှလှပပကြီး ဝေးခဲ့ရ.......
ကျနော်ကတော့ "ညကမင်းကို အိပ်မက်မက်လို့" ဆိုတဲ့စကားနဲ့ စတဲ့ ဖုန်းခေါ်သံတွေကို မျှော်လင့်တကြီး စောင့်မိနေတုန်းပဲ.....

ကျနော် ခင်ဗျားကို တကယ်ပဲ လွမ်းနေပါတယ်........

13.2.19
Amour

Amour...Where stories live. Discover now