Zawgyii ~
..
..ဒီနေ့ jimin တောထဲသွားမယ်....။
ဟုတ်တယ်လေ တောထဲကလွဲပြီး ကျွန်တော့်မှာ
သွားစရာမှမရှိတာ.... ။ခြင်းတစ်ခြင်းကိုဆွဲယူပြီး တုတ်တချောင်းနဲ့ တောထဲ
တိုးမဲ့ကျွန်တော့်ပုံစံကိုမြင်ယောင်ကြည့်လိုက်စမ်းပါ... ။" jimin ဝေးဝေးလျှောက်မသွားနဲ့နော် "
ကျွန်တော့်ခြေလှမ်းတွေက အမိန့်သံပါတဲ့စကား
သံကြောင့်ရပ်တန့်သွားပြီး အသံပိုင်ရှင်ကို
လှမ်းကြည့်ကာ ခေါင်းညိမ့်ပြလိုက်တယ် ။အသံပိုင်ရှင်ဆိုတာ ဘယ်သူလဲ ?
နဂါးကြီး Min Yoongi ပါပဲ ။ထုံးစံအတိုင်း လက်နှဖက်ကိုနောက်ပစ်ပြီး အပြာရောင်
ဝတ်ရုံ၊ အပြာရောင်ဆံနွယ်ရှည်တွေနဲ့ သိပ်ကိုကြည့်
ကောင်းတဲ့ Min yoongi ။ကျွန်တော်ဝန်ခံတယ် ။ Min Yoongi ကိုစတွေ့
ထဲကကျွန်တော်ငေးမောခဲ့ရတာ အခုချိန်ထိကိုပဲ ။" ပါးစပ်ကပြောလေ မင်းမှာပါးစပ်မပါဘူးလား "
တွေ့လား ။
စကားပြောတာက အချိုးအဆစ်မကျဘူး ။
ဒါပေမဲ့ ဒီစကားတွေက တခြားသူတွေအတွက်တော့
စိတ်ဆိုးချင်စရာဖြစ်နေပေမဲ့ ဒီမှာနေသားကျနေပြီဖြစ်တဲ့
ကျွန်တော့်အတွက်ကတော့နားယဉ်နေပါပြီ ။ထွေထွေထူးထူး သူ့ကိုလဲစကားခွန့်တုံ့ပြန်ချင်တဲ့
စိတ်မရှိတဲ့အတွက် ပြန်ခံပြောမနေချင်တော့ဘူး ။" ဟုတ် "
ကျွန်တော်ခေါင်းလဲညိမ့်ရင်းပါးစပ်ကလဲအဖြေပေးတော့
ကျေနပ်သွားတဲ့ပုံစံနဲ့ နှုတ်ခမ်းများတွန့်ချိုးကာ
ကျွန်တော်ရှိရာ လျှောက်လှမ်းလာတယ်... ။အနေအထားဟာဆိုရင်တော့ဖြင့်မြေပြင်မှာ
မတ်တပ်ရပ်နေတဲ့ကျွန်တော့်ဆီသူက အဆောင်ပေါ်
ကနေ လှေကားတစ်ထစ်ချင်းဆင်းလာပြီး
လျှောက်လာနေတာ... ။နီးကပ်လာတဲ့သူ့ခြေလှမ်းတွေကြောင့် ကျွန်တော်
ခေါင်းကိုငုံ့ထားမိတယ် ။
ကြောက်တာလား? ဟင့်အင်း မကြောက်ဘူး ။
ဒါဆိုဘာလို့လဲ?ဟင့်အင်း ကျွန်တော်မသိဘူး ။
ကျွန်တော်သိတာက သူကျွန်တော့်အနားတိုးလာတိုင်း
ကျွန်တော့်ရင်ထဲတမျိုးကြီးပဲ ။
ВЫ ЧИТАЕТЕ
ᴍʏ ᴅʀᴀɢᴏɴ // ( ᴄᴏᴍᴘʟᴇᴛᴇᴅ )