@14

4K 505 80
                                    

Zawgyiii ~

..
..

### Warning ###

..
..
..

ဒီနေ့ မိုးအုံ့နေတယ် ။

ရာသီဥတု ကြီးကအုံ့မှို်င်းမှိုင်းနဲ့ နေလို့သိပ်မကောင်းဘူး။

" Arrr....ပျင်းလိုက်တာ "

ပြတင်းပေါက် ပေါ်မေးတင်ပြီး တိမ်ထူထပ်လာတဲ့
ကောင်းကင်ကြီးကို မော့ကြည့်ရင်းငြီးတွားနေုခြင်းပင် ။
အခုဆိုဘယ်မှလဲ မသွားရတော့ဘူး ။
တောထဲဆို ယောင်လို့တောင်လှည့်မကြည့်ရတော့
တဲ့အဖြစ် ။

ဟိုတစ်နေ့က ကိစ္စဖြစ်ပြီးထဲက
တောအုပ်ကို တားမြစ်နယ်မြေ အဖြစ်အမိန့်ထုတ်ထားတဲ့နဂါးကြီး ရာဇသံကို ကျွန်တော်မျိုး လိုက်နာ
ရမယ်လေ ။

" Jimin ဘာလုပ်နေသလဲ "

" အာ Coi လာလေ "

Coi ကျွန်တော့်ဆီ တလှမ်းချင်းလျှောက်လာတယ် ။
ပြီးတော့ ဘေးမှာချထားတဲ့ စားပွဲဝိုင်းဆီက
ထိုင်ခုံကို ဆွဲယူထိုင်လိုက်တယ် ။

ကျွန်တော့်မျက်လုံးတွေက Coi ဆီမှာမရှိ ။
ပျင်းရိလေးတွဲစွာနဲ့ ပြတင်းဘောင်ပေါ် မေးတင်
ထားတုန်းပဲ ။

" jimin မင်းကိုသခင်ခေါ်နေတယ် "

" ကျစ် ထပ်ပြီး ဘာတွေခိုင်းဦးမလဲမသိဘူး "

" မြန်မြန်သွား နောက်ကျရင် အပြောခံနေရဦးမယ် "

" အင်းပါ အခုပဲသွားမှာပါ "

ကျွန်တော် မျက်နှာကိုရှုံ့မဲ့ရင်းပြောတော့ Coi
ရယ်တယ် ။

ထူးဆန်းတယ် သူတို့ဆရာတပည့်နှစ်ယောက်လုံးက
ကျွန်တော် စိတ်ညစ်တာကို သဘောကျပုံရတယ် ။

ထို့နောက်....
ပျင်းရိလေးတွဲတဲ့ခြေလှမ်းတွေနဲ့ နဂါးကြီး
အဆောင်ဆီ ခြေလှမ်းခဲ့တယ် ။

အခန်းတံခါးကို အသာခေါက်ပြီး အထဲဝင်သွားတော့
နဂါးကြီးဟာ စားပွဲပေါ်မှာ အကျအနထိုင်ပြီး စာအုပ်
တစ်အုပ်ကို အသဲအသန်ဖတ်နေတယ် ။

" ရောက်လာပြီလား jimin ဘာလို့အဲ့လောက်
ကြာနေရသလဲ "

စာအုပ်ကနေမျက်နှာမခွာဘဲ
လှမ်းမေးတယ် ။

ᴍʏ ᴅʀᴀɢᴏɴ // ( ᴄᴏᴍᴘʟᴇᴛᴇᴅ ) Onde histórias criam vida. Descubra agora