@15

3.7K 528 56
                                    

Zawgyii~

..
..

အိပ်ပျော်နေရင်း အေးစက်စက်ခံစားမှုကြောင့်
ကျွန်တော် ကိုယ်လေးကို ပိုပြီးကျုံ့လိုက်မိတယ် ။
အဲ့အချိန်မှာပဲ ပခုံးထက်က တင်းကျပ်လိုက်တဲ့
အရာတစ်ခုကြောင့် ကျွန်တော့်ကိုယ်လေး နွေးထွေး
သွားတယ် ။

ထိုအရာဟာ ဘာဖြစ်မလဲ မတွေးနိုင်ခင် ပိုနွေးအောင်
တိုးဝင်မိတယ် ။အင်း အရမ်းနွေးတယ်။ကျွန်တော်
မျက်လုံးဖွင့်ကြည့်လိုက်တယ် ။

မြင်လိုက်ရတာက ဖြူဖွေးနေတဲ့ ရင်ခွင်တစ်ခု ။
ကျွန်တော် လက်ညိုးလေးနဲ့အသာထိကြည့်လိုက်တယ်။
ပြီးတော့ ခေါင်းမော့ကြည့်လိုက်တယ် ။
အိပ်ပျော်နေတဲ့ နဂါးကြီး Min Yoongi ဟာ
ပန်းချီကား တစ်ချပ်ကိုအသက်သွင်းထားသလိုပဲ ။

မျက်တောင်စိပ်စိပ်လေးက လှပသလို အဲ့မျက်တောင်
တွေကာကွယ်ထားတဲ့ မျက်ဝန်းပြာတွေကလဲ ဆွဲဆောင်
မှုအရမ်းရှိတယ် ။ Min Yoongi အိပ်နေတာဟာ
အပြစ်ကင်းစင်တဲ့ ကလေးလေးတစ်ယောက်နဲ့တူတော့
ကျွန်တော်စိတ်လို လက်ရပြုံးလိုက်မိတယ် ။

တဆက်တည်းမှာပဲ ရေချိုးကန်ထဲက အဖြစ်အပျက်တွေကိုပြန်တွေးမိတော့ ကျွန်တော်မျက်နှာပူစွာ နဂါးကြီး
ရင်ခွင်ထဲ တိုးဝင်လိုက်တယ် ။

ရှက်စရာကြီး ။
ကျွန်တော် ဘာတွေလုပ်ခဲ့တာလဲ ။
ဒီနဂါးကြီးနိုးလာရင်ရော ဘယ်လိုရင်ဆိုင်ရမလဲ။
Ashii !

" အင့် "

ရုတ်တရက် ကျွန်တော့်ကိုယ်တစ်ခုလုံး ဖျစ်ညှစ်ခံလိုက်
ရလို့အသံထွက်မိသွားပြန်တယ် ။

" နိုးရင်လဲ ငြိမ်ငြိမ်နေ jimin ရာ!
အိပ်လို့မဝသေးဘူး "

Min Yoongi ဟာ ပြောချင်ရာပြောပြီး
ကျွန်တော့်ကိုယ်လေးကို ပိုလို့ပင်တိုးဖက်လိုက်တယ် ။
သူက ဖက်တာမဟုတ်တော့ဘူး ။ ညှစ်တဲ့အဆင့်
ရောက်နေပြီ ။အသက်ရှူလို့တောင် မရတော့ဘူး ။

" အ...Min Yoongi! ကျွန်တော်ထတော့မယ်"

သန်မာလှတဲ့ သူ့လက်မောင်းတွေကြား အတင်းရုန်း
ထွက်မိတော့ မျက်မှောင်ကျုံ့ကာ ကျွန်တော့်ကို
ဆူတော့တယ် ။

ᴍʏ ᴅʀᴀɢᴏɴ // ( ᴄᴏᴍᴘʟᴇᴛᴇᴅ ) Where stories live. Discover now