အခုလို ကြယ်တွေစုံတဲ့ ညအချိန်မျိုးဆို ငါတို့ တိုက်ခန်းရဲ့ အပေါ်ခေါင်မိုးထပ်မှာ
တစ်ယောက်တည်းလာထိုင်ရတာကို ငါ
သိပ်နှစ်သက်တာ ..မင်း အလုပ်ကနေ စောစောပြန်လာပြီး ခေါင်မိုးထပ်ကို တက်လာတော့ အတိုင်းမသိ
ကြည်နူးသွားမိသေးတယ် ။ငါ့ပေါင်ပေါ် ဘာအတွေးမှမရှိသလို ခေါင်းအုံး အိပ်ချလိုက်တဲ့ မင်းကြောင့် .. နှလုံးသားထဲက သွေးတွေအကုန်လုံး .. ပြောင်းပြန်စီးသွားမိသလိုပဲ ..
ငါဟာ Skinship လိုဟာမျိုးတွေ မနှစ်သက်မိ
ဘူး .. Jeon ..
မင်းကတော့ ခြွင်းချက်ဖြစ်နေခဲ့တယ် ...မင်းက မျက်လုံးတွေကို မှိတ်ချလိုက်ပြီး ပြုံးနေတဲ့အခါမှာ မင်းရဲ့ အပြုံးလေးကို မင်း မသိအောင် ငါ့လက်ချောင်းလေးတွေနဲ့ ချိန်ဆရင်း လေထဲကနေ တို့ထိနေမိသေးတယ်။
"Hyemi က သိပ်လှတယ် သိလား .. Hyung "
သိတာပေါ့ .. Jeon ..
မင်းကိုယ်တိုင် မိတ်ဆက်ပေးခဲ့တာပဲ ..သူမက တကယ် သိပ်ထက်မြက်ပြီး လှပပေမယ့် သူမမျက်ဝန်းတွေက မင်းအပေါ်ကို အေးစက်စက်နဲ့ ..
ငါ မကြိုက်ဘူး .. Jeon" Hyemi ကြောင့် ကျွန်တော် ပျော်တယ် ..
အဲ့ဒါ အချစ်လားဟင် ? "မင်းကြောင့် ငါ့နှလုံးသားက .. အခုလေးတင်
ကျကွဲသွားတယ်.. အဲ့ဒါရော အချစ်လား Jeon ?သက်ပြင်းကို ခိုးချလိုက်ရင်း မျက်ရည်တွေက
အလိုက်မသိစွာ ပါးပြင်ပေါ်ကနေ ဖြတ်ဆင်းသွားသေးတယ် .." Hyung ကို ကျွန်တော် တစ်ခု မေးမလို့ "
Jungkook က ထထိုင်လိုက်တော့ မြန်မြန် မျက်ရည်တွေကို သုတ်ပစ်လိုက်ရတယ် ..
ပြီးတော့ ကောင်းကင်ဆီ ဘာရယ်မဟုတ် အကြည့်ပို့လိုက်တယ် ..
ငါ့အပေါ် စိတ်ပူနေဦးမယ့် မင်းပုံစံကို မမြင်ချင်မိဘူး .."Hyung ရဲ့ .. မတော်တဆမှုကလေ
ဘယ်လိုဖြစ်ခဲ့တာလဲဟင် !? "နောက်ဆုံးတော့ ငါ မဖြေချင်ဆုံး မေးခွန်းကို မင်းမေးခဲ့ပြီပေါ့ ..
"ကား .. Accident ?? "
မင်းအမေးကို ငါ စိတ်မကောင်းစွာနဲ့ ခေါင်းခါယမ်းပြလိုက်ရတယ် ..
မင်းတကယ် မမှတ်မိတာပဲ .. Jeon ရယ် .."အပြင်းဖျားတာလား ?? "
မဟုတ်ဘူး .. Jeon Jung Kook ..
"မီး .. မီးလောင်မှုလား !? "
ခေါင်းမငြိမ့် ခေါင်းမခါပဲ နံဘေးနားမှာ ရှိနေတဲ့ Jeon ရဲ့ မျက်နှာကိုသာ ငေးကြည့်နေမိတော့တယ် ..
"သြော် .. မီးလောင်မှုကိုး "
မဟုတ်ဘူး .. !! ဒီအတိုင်း မီးလောင်မှုတစ်ခု သက်သက်မဟုတ်ခဲ့ဘူး !! JEON !!
ငါ့ .. ငါ့ရဲ့ နှလုံးသားရော .. မင်းရဲ့ ကတိစကားတွေရော အကုန်လုံးကို လောင်ကျွမ်းစေခဲ့တဲ့ မကောင်းတဲ့
အိပ်မက်ဆိုးတစ်ခု !!ခေါင်းထဲမှာ အော်ဟစ်ရှင်းပြနေမိပေမယ့် ငါ့ကို
ကြည့်ပြီး ဝမ်းနည်းနေပုံရတဲ့ မင်းကြောင့် ငါက ခံစားလာရပြန်တယ် ... Jeon ..
မင်းဟာ ငါ့အပေါ် သနားသွားပြန်ပြီ မဟုတ်လား ..အဲ့ဒီနေ့ညမှာ ကြယ်တွေစုံခဲ့ပေမယ့် မလှပတဲ့ ညတစ်ည ဖြစ်မှန်းမသိ ဖြစ်ခဲ့ရသေးတယ် .. Jeon ..
ငါ့ မျက်နှာပေါ်က
မျက်ရည်တစ်ပိုင်းတစ်စကို မြင်တွေ့လိုက်ပြီး ဖက်တွယ်လာခဲ့တဲ့ မင်းရဲ့ လက်တွေနဲ့ ငါ့ခန္ဓာကိုယ်ကို ဖိကပ်လာတဲ့ ခပ်နွေးနွေး မင်းကိုယ်ငွေ့ကြောင့် ငါ ရူးသွပ်ခဲ့ရသေးတယ် .. သိလား ..ချစ်တယ် .. Jeon ..
အမှန်တရားတစ်ခုက ငါ့ကျမှ သိပ်ကို မှားယွင်းနေသလို .. ငါ့ရဲ့ မေတ္တာတွေကလည်း လမ်းမှားဆီကို တစ်ထစ်ခြင်း သွားနေလေရဲ့ ..* * * * *
YOU ARE READING
MUTE [JIKOOK] ✔✔
Фанфикသူ ... အရှုံးသမားတစ်ယောက်သက်သက် သူ ✔extremely short chapters contain !