"Hyung .. ဒီနေ့ည ဘာအလုပ်ရှိသလဲ ?"
တစ်ချက်စဉ်းစားလိုက်ပြီး ခေါင်းကို
အသာခါယမ်းပြလိုက်တော့ .. Jeon က ကျွန်တော်ရဲ့ နံဘေးနား စိတ်လှုပ်ရှားစွာ ဝင်ထိုင်လိုက်တယ် .. ထုံးစံအတိုင်း ကိုယ်သင်းနံ့ခပ်သင်းသင်းလေးက နှာခေါင်းနားမှာ ကလူကျီစယ်သွားလေရဲ့ .."ကျွန်တော် Hyemi နဲ့ မိတ်ဆက်ပေးမလို့ .."
ကွဲကြေကျိုးပဲ့သွားတဲ့ ရင်ဘတ်ထဲက နှလုံးသားကို လျစ်လျုရှုပြီး
ဟန်ဆောင်အပြုံးတစ်ပွင့်နဲ့ ခေါင်းတစ်ချက်ငြိမ့်လိုက်မိတဲ့ .. ကျွန်တော် Park Jimin ဟာ အရူးတစ်ယောက်ပဲလေ။အမှန်အတိုင်းပြောရရင် .. အခု ပျော်နေတဲ့ သူ့
ပုံစံလေးက ကျွန်တော့်အတွက်
ပထမဦးဆုံးအနေနဲ့ မနှစ်သက်မိတဲ့ အရာတစ်ခု ဖြစ်သွားခဲ့လေရဲ့ ..".. သူမက .. သိပ်ကိုချောတယ် .."
ဒါပေါ့ .. Jeon .. သူမက သိပ်ကိုချောမှာပါ ။
Jeon ရဲ့ အမြင်ကို ငါ အမြဲ ယုံကြည်ထားတယ် ..ဒါပေမဲ့ ဒီတစ်ခုကိုတော့ မေးချင်တယ် ။
မင်း .. သူမကို ချစ်တယ်ဆိုပြီး တစ်ခါမှ မဆိုဖူးတော့ မျှော်လင့်ချက်ရေးရေးလေးတော့ ရှိဦးမှာပါ .. ? ဟုတ်တယ်မလား .. ?"Hyung ! အချစ်က လူကို ပြောင်းလဲစေနိုင်တယ်ဆိုတာကို ယုံလားဟင်"
ယုံတယ် .. Jeon .. မင်းက အခိုင်မာဆုံး သက်သေတစ်ခု ဖြစ်နေခဲ့တာပဲ ..
အဖြေပြန်မရပဲ အပြုံးတစ်ခုကိုသာ လက်ခံ
ရရှိတော့ မကျေမချမ်းနဲ့ Jeon က တစ်ဖက်ကို လှည့်သွားလေရဲ့။"Hyung တစ်ခါတစ်လေလေး ကျွန်တော့်ကို
အဖက်လုပ်ပါဦး ... "နာကျင်မှုက ရင်ထဲကနေ လည်ပင်းအထိတိုင် ဆို့တက်လာတယ် ..
ဒါပေါ့ .. Jeon ရယ် ..
မင်းနဲ့အတူ စကားတွေ တစ်ဝကြီးပြောပစ်ချင်
တာပေါ့ ..ဘယ်လိုမှ စကားသံ ထွက်မလာနိုင်တဲ့ ဟောဒီ လည်ပင်းကိုသာ ဓားနဲ့ မွှန်းပစ်ချင်မိတယ် .. Jeon ...
"ဆောရီး .. Hyung ကျွန်တော်မေ့သွားလို့ .."
တောင်းပန်တဲ့အသံကြားမှသာ ဝေ့ဝဲတက်လာတဲ့ မျက်ရည်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဖယ်ထုတ်ရင်း ခေါင်းငုံ့ပစ်လိုက်ရတယ် ..
ကျွန်တော်နဲ့ ပတ်သက်သမျှ မေ့ထားတတ်တာလေးကိုက သူ့ရဲ့ အကျင့်တစ်ခု ထင်ပါရဲ့ ..
အဲ့ဒါကို အရူး .. ကျွန်တော်ကလည်း မဆီမဆိုင် .. ဂုဏ်ယူနေတတ်သေးတာ..ဒါပေမဲ့ .. ကျန်တာ မေ့လို့ရပေမယ့် အဲ့ဒါဟာ
ငါတို့ အတိတ်နဲ့ ပတ်သက်နေတာကိုတော့ မေ့ပစ်လို့မဖြစ်ဘူးထင်တယ် ..."Hyung !? ဘာဖြစ်လို့လဲ ? "
ဘာမှမဟုတ်ပါဘူးဆိုတဲ့သဘောနဲ့ ခေါင်းလေးသာ ခါယမ်းပြလိုက်ရင်း အရှေ့က ပန်းအိုးထဲ .. ထိုးလက်စ နှင်းဆီတွေကို
ဆက်ထည့်နေမိတယ် ..ဆူးတစ်ချောင်းက ဇွပ်ခနဲဆို လက်ညိုးထိပ်ဆီ စိုက်ဝင်သွားတာကိုတောင် ငါ
မသိလိုက်တဲ့အထိ အတွေးတွေထဲ နစ်မွန်းနေခဲ့မိတယ် ..ဒီ တစ်နှစ်တာအတွင်းမှာ ..
မင်း ငါ့ကို လုံးဝမမှတ်မိဘူး ဆိုတဲ့ အသိကြီးက နာရီနဲ့အမျှ ငါ့ကို တတိတိ သတ်နေခဲ့တယ် .. Jeon ..* * * * *
![](https://img.wattpad.com/cover/160549869-288-k430435.jpg)
YOU ARE READING
MUTE [JIKOOK] ✔✔
Fiksi Penggemarသူ ... အရှုံးသမားတစ်ယောက်သက်သက် သူ ✔extremely short chapters contain !