"ရော့ ဒါလေးက .. Jungkookie အတွက် "
"ဒါက ဘာလဲဟင် .. ? "
"ဒါက မေမေက Hyung ကို ပေးတာ
အဲ့ဒါလေးဆွဲထားရင် ညဆို အိမ်မက်ဆိုးတွေ
မမက်တော့ဘူးတဲ့ ""ဒါ .. Koo Koo ကို ပေးရင်
Diminnie Hyung ကရော ? ""Hyung က အိမ်မက်ဆိုး မက်ရင်လည်း
ရတယ် .. Koo Koo က ညဆို အရမ်းကြောက်တတ်တယ်ဆို .. ဒါကို
ဆွဲထားလိုက်နော် .. "လက်ထဲက Dream Catcher အသေးလေးပုံစံ ဆွဲကြိုးကို ခေါင်းကနေ စွပ်ချပေးလိုက်တော့ ငါးနှစ်အရွယ် ကောင်လေးကနေ ခုနှစ်နှစ်အရွယ် ထိုကောင်လေးကို ပြုံးရွှင်စွာဖြင့် ကြည့်ပြီး ဆိုလေသည် ။
"Diminnie Hyung က ကမ္ဘာပေါ်မှာ
အကောင်းဆုံးပဲ .. ကျွန်တော်ကြီးလာရင်
Diminnie Hyung ကိုပဲ လက်ထပ်မှာ ""မရဘူးလေ .. Hyung တို့က
ယောကျာ်းလေးတွေဟာကို ""အဟင့် .. အီး .. Koo Koo က Diminnie Hyung ကိုပဲ ယူချင်တာ .. အင့် .. "
ကလေးငယ်လေးက အရမ်း ဝမ်းနည်းစွာဖြင့် တအင့်အင့်ရှိုက်ပြီးကို ငိုလေတော့သည်။ ပြာပြာသလဲဖြစ်သွားသည့် Jimin ဆိုသည့် ကလေးငယ်က မျက်ရည်တွေကို လက်သေးသေးတွေဖြင့် သုတ်ပေးရင်း မချော့တတ်ချော့တတ်ဖြင့် ချော့ရတော့သည်။
"ဟုတ်ပြီ .. ဟုတ်ပြီ .. မငိုရဘူးလေ
Koo Koo ရဲ့ .. လက်ထပ်မယ် ဟုတ်ပြီလား
မငိုနဲ့တော့နော် တိတ် တိတ် .. ""အင့် .. ဟင့်.. တကယ်နော် ? "
"အင်း .. တကယ် "
"ကတိ ? "
"ရော့ .. pinky promise "
လက်သန်းလေးတွေချင်း ယှက်နွယ်ကာ
ကတိစကားအထပ်ထပ်ကြားတော့မှ
Jungkook ဆိုသော ကလေးငယ်က ပြန်လည်ရွှင်မြူးလာကာ အရှေ့မှ ကောင်လေးကို ဆွဲဖက်ပြီး ပါးပြင်ပေါ် တရှုံ့ရှုံ့ နမ်းရှိုက်လေတော့သည်။* * * * *
အတိတ်က အမှတ်တရ တစ်ချို့ကတော့
ပြန်တွေးမိတိုင်း ချိုမြိန်နေတုန်းပဲ .. Jeon* * * * *
YOU ARE READING
MUTE [JIKOOK] ✔✔
Fanficသူ ... အရှုံးသမားတစ်ယောက်သက်သက် သူ ✔extremely short chapters contain !