9

3.7K 470 4
                                    

.. FLASHBACK ..

"သား ဆရာ့ကို မြင်ရလား .. ?? "

မျက်စိရှေ့မှ ဝတ်စုံဖြူဝတ်ထားသည့် လူကြီးရဲ့အမေးကို ဖြေးညှင်းစွာဖြင့် သူ ခေါင်းငြိမ့်ပြလိုက်သည်။ ။
တစ်ကိုယ်လုံးကလည်း လှုပ်မရအောင် နာကျင်နေသည် ။

အဲ့ဒါထက် သူ .. သူရော .. !?

သတိရသွားမိတော့ အိပ်ယာပေါ်ကနေ ဝုန်းခနဲဆို ထထိုင်လိုက်မိသည်။
အရမ်းနာကျင်သွားသည့် ခန္ဓာအား ဂရုမစိုက်အား .. အရှေ့မှ ဆရာဝန်ဝတ်စုံဖြင့် လူကြီးကို မေးကြည့်ရမည် ...
Jungkookie ရော ဘယ်မှာလဲ? သူ အဆင်မှ ပြေရဲ့လားဆိုတာကိုပေါ့ !

ခဏလေး ..

ဘာလို့ လည်ချောင်းထဲက အသံတို့က မထွက်ပေါ်လာတာလဲ ..

အဟမ်း ..

ချောင်းနည်းနည်းဟန့်ကြည့်ကာ ခေါင်းထဲမှာ
ရှိနေသည့် စကားလုံးအချို့ကို နှုတ်ခမ်းဖျားမှ ထွက်လိုထွက်ငြား ညှစ်ထုတ်ကြည့်သည်။

"သား ဘာဖြစ်လို့လဲ..? ဘယ်နားအဆင်မပြေတာလဲ !! "

လည်ပင်း လည်ပင်း .. ဆရာ
သား .. အသံတွေ .. !!

အ .. အား ...

မဟုတ်ဘူး .. မဟုတ်ရဘူး .. !!

ထိတ်လန့်စွာဖြင့် လည်ပင်းကို လက်တို့ဖြင့် ကိုင်တွယ်နေရင်းနဲ့ မျက်ရည်တို့က ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။
ထိုအခါမှ ဆရာဝန်က အခြေအနေကို နားလည်သွားဟန် တူသည်။ နံဘေးနားက နာစ့်တို့ကို တီးတိုး ကပ်ပြောလိုက်ကာ ငိုကြွေးနေသည့် သူ့ဖက်သို့ လှည့်ခဲ့သည် ။ စိတ်အေးအေးဖြစ်သွားစေဖို့ 'အဆင်ပြေပါတယ်' စသည့် စကားအချို့
ပြောနေသော်လည်း သူ မကြားမိတော့ပါ ..

သူ တစ်ပတ်လောက် သတိလစ်နေခဲ့သည် တဲ့ ..  သူတို့ပြောတာတော့ လည်ပင်းပိုင်းမှာဖြစ်တဲ့ ထိခိုက်ဒဏ်ရာတစ်ခုကြောင့် အသံတို့ ပျောက်ဆုံးသွားရခြင်းဖြစ်သည်ဟု ဆိုသည် ။

ဒါတွေက သူ့အတွက် အရေးမကြီးပါ ...

' Jungkook ရော ' ဆိုတာကို စာရွက်တစ်ရွက်ပေါ် ရေးချပြီး မိခင်ဖြစ်သူကို မေးကြည့်သည်။

" သူ အဆင်ပြေပါတယ် " တဲ့ ..

ဆိုးလ်မှာ ကုသပါက ပျောက်ကင်းနိုင်ချေ ရှိပါတယ်' ဆိုသည့် ဆေးရုံမှ စကားတစ်ခွန်း နဲ့တင် သူ့မိဘတွေဟာ .. ဘူဆန် ဆိုတဲ့ သူတို့ မွေးရပ်မြေကို ပစ်ပယ်ခဲ့ကြသည် ။

မသွားခင် သူ့အား နောက်ဆုံးတစ်ခါလောက် ထပ်တွေ့ချင်ပေမယ့် ဆေးရုံဆင်းသည့်နေ့ကနေ ရထားပေါ် တက်ခါနီးအထိ .. သည်းထန်စွာ ငိုကြွေးနေခဲ့ သည့် ဆယ့်နှစ်နှစ်အရွယ် ကလေး တစ်ယောက်ရဲ့စကားက အရာမထင်ခဲ့ပါ ..

ဒီလိုနဲ့ပဲပေါ့ .. Jeon ရယ် ...

* * * * *

MUTE [JIKOOK] ✔✔Where stories live. Discover now