7

3.7K 478 3
                                    

အဲ့ဒီညမှာ သူဟာ အိမ်ပြန်မလာခဲ့ဘူး ..
Jeon ဟာ တော်တော် စိတ်ဆိုးသွားခဲ့တယ် ..

လူတစ်ယောက်ကို ချစ်ရတာဟာ လုံးဝ မလွယ်ဘူးဆိုတာကို ဒုတိယအကြိမ်မြောက်
ငါ .. သိရှိလိုက်ရခြင်း ဖြစ်တယ် ..

ရေခဲသေတ္တာထဲက အနီရောင်ကိတ်မုန့်ကို
စိုက်ကြည့်ပြီး ..
ငါ ခပ်လှောင်လှောင် ရယ်မောနေမိပြန်တယ်။

မွေးနေ့ကိတ်အထိတောင် ဝယ်လာပေးခဲ့ပြီးမှ
Jeon ရယ် ..

ငါဟာ ဒါလေးကို ဝမ်းသာရဦးမှာလားလို့တောင် တွေးလိုက်မိသေးတယ် ..

တကယ် အရူးတစ်ယောက်ပဲနော် .. !

မီးဖိုခန်းက ထိုင်ခုံပေါ်မှာ ထိုင်နေခဲ့တာဟာ သိပ်ကို ကြာရှည်သွားပြီ  ...

နာရီကို ကြည့်လိုက်မိတော့ 12 နာရီ အတိ ..

ရေခဲသေတ္တာထဲက ကိတ်မုန့်ကို ထုတ်ယူလိုက်ပြီး ဇွန်းနဲ့ ဖြည်းဖြည်းချင်း ခပ်ယူကာ ပါးစပ်ထဲကို ထည့်လိုက်တယ် ...

"Happy Birthday ပါ .. Park Jimin ..
ပိုမိုဝေးကွာသွားခြင်းကို ဂုဏ်ယူပါတယ် .. "

ပါးပြင်ပေါ်စေးကပ်ကပ် ကျန်နေသေးတဲ့ မျက်ရည်စတွေကို အင်္ကျီလက်ရှည်နဲ့ ပင့်ပြီး သုတ်ပစ်လိုက်တယ် ..

တစ်ချက်တစ်ချက် ရှိုက်သံတွေက တိတ်ဆိတ်နေတဲ့ တိုက်ခန်းတစ်ခုလုံးမှာ
ထွက်ပေါ်နေတဲ့ တစ်ခုတည်းသော အသံပဲ ..

ရင်ဘတ်ထဲက ပူလောင်ခြင်းတွေကို ဟောဒီ
ကိတ်မုန့်အေးစက်စက်က ဘယ်လိုမှ သက်သာစေခြင်းကို မစွမ်းဆောင်နိုင်ခဲ့ဘူး
Jeon ..

* * * * *

MUTE [JIKOOK] ✔✔Where stories live. Discover now