❗Two❗

6.4K 727 50
                                    

Jungkook ~

"Tae ~ မငိုနဲ့တော့.....လာ အောက်ထပ်မှာ ဆေးသွားထည့်မယ်နော် "

ကျွန်တော် Tae ကို ချော့မြူကာ ပြောရင်း အောက်ထပ်ကို ဆင်းလာ
လိုက်သည် ~ Taeလက်က ခြစ်ရာတွေက အများကြီးဖြင့် သွေးများ
ထွက်နေသည်....Tae အိမ်မက် မက်လို့ ကိုယ့်လက်သည်းနဲ့ ကို ထိ
ခိုက်မိတာများလား??

" Tae...လက် ခဏ ပြ ! "

Tae ကို ကျွန်တော်ပြောလိုက်ရင်း သူ့ရယ့် ညာဘက်ရော
ဘယ်ဘက် လက်ကို ပါယူကြည့်လိုက်သည် ~ လက်သည်း
က မရှည်ပဲ သေသေချာချာ ညှပ်ထားလေသည် ~ ဒါဆို
Taeက သူ့လက်သည်းနဲ့ ထိထားတာ မဟုတ်ဘူးပေါ့?

ဒါဆို ~ ဘာနဲ့ ထိထားတာလဲ ? အခန်းထဲမှာလည်း အဲ့လို
ထိခိုက်စရာ အကြောင်းမရှိ.....နောက်ပြီး Taeက အိပ်
နေရင်းကို ထိခိုက်မိတာ!

" Jung--kook~ ငါ့လက်က ဘာလို့ အဲ့လိုဖြစ်တာလဲဟင် ? "

ငိုသံဖြင့် မေးလာသော Tae ကြောင့် ကျွန်တော် ဒီကိစ္စ
က ထူးဆန်းပါသော်လည်း ဟန်ဆောင်ကာ ~

" အာ ....Tae ရယ့် လက်သည်းနဲ့ပြန်ထိမိတာ ဖြစ်မယ် ~
လက်သည်းက မရှည်ပေမယ့် ကုတ်ရင်းဖြစ်တာနေမယ် ~
စိတ်မပူနဲ့ ဆေးသေချာ ထည့်ပေးမယ်နော်...."

ကျွန်တော် ပြောလိုက်သော စကားများသည် အဓိပ္ပါယ်မရှိသော်
ငြား Taeက ခေါင်းအသာငြိမ့်ပြလေသည် ~ အောက်ထပ်
ရောက်တော့ ကျွန်တော်လည်း Taeရယ့် လက်ကို ဆေး
သေချာ ထည့်ပေးရင်း ပက်တီး စည်းပေးလိုက်သည် ~

ဒဏ်ရာတွေကို ကြည့်ရင်း ကျွန်တော် စိတ်ထဲ မသကာင်္စရာ
ပိုတိုးလာသည်...ဒါ လက်သည်းရာ မဟုတ်မှန်းလည်း
သေချာသိလိုက်သည်....သို့သော် Taeကို ပြောလိုက်ရင်
စိတ်အနှောက်အယှက်ဖြစ်သွားမှာစိုးတာကြောင့် ကျွန်တော်
ပြော မနေတော့.....

" ပြန်အိပ်ရအောင် Tae~ အခုမှ အစောကြီးရှိသေးတယ်နော် ~
လာသွားမယ် "

ကျွန်တော်လည်းTae ကို ခေါ်ရင်း အပေါ်ထပ် အခန်းကို ပြန်
တက်လာလိုက်သည်....ဘယ်လောက်တောင် ကြောက်နေသည်
မသိTae ရယ့် လက်တွေက အေးစက်ပြီး တုန်ယင်နေသည် ~

ကျွန်တော်လည်း အခန်းထဲရောက်တော့ Tae ကို
အသာ ဖက်ရင်း သူအိပ်ပျော်သည် အထိ စောင့်နေလိုက်သည် ~
Taeက အမြဲ အိမ်မက်ဆိုး မက်ရင် ကျွန်တော် က အနားမှာ
ရှိနေပေးရင် စိတ်သက်သာ ရာ ရသည်ဟု ဆိုတာကြောင့်ပင်~
နောက်တစ်ခု Taeက အိပ်ရင် သူ့ဘေးမှာ တစ်စုံတစ်ယောက်
ရှိမှ အဆင်ပြေတယ် ဆိုလို့ပါ....

❗BTS HORROR COLLECTION❗Donde viven las historias. Descúbrelo ahora