^2^

2.8K 426 48
                                    

(Double update ? Why not😌😌)

Third person view ~

ညနေစာ စားမည်ဟု လာခေါ်သော Songmei ကြောင့် သူတို့ ၇
ယောက်လုံး အောက်ထပ်ကို ဆင်းလာကြသည်...

" လာကြလေ....စားပြီးမှ ခြံ ထဲဆင်းကြည့်ကြပေါ့....."

Minwooက ပြောလိုက်တော့ သူတို့ အကုန်လည်း ခေါင်းငြိမ့်
ရင်း စားပွဲနားက ခုံတွေ၌ ဝင်ထိုင်လိုက်ကြသည်....ထမင်းစားပွဲ
သည် အရှည်ကြီးဖြင့် ထိတ်ဆုံး၌ Minwoo ထိုင်နေသည် ~
Minsu ကို မတွေ့သေးတာကြောင့်Taehyung အနည်းငယ်
စိတ်သက်သာ ရာ ရသွားတော့သည်....

သူ Minsu ကို မတွေ့ချင်တာကို မဝန်ခံပေမယ့် ဝန်ခံရမည်
ခုနက အဖြစ်အပျက်က တကယ် ကြောက်စရာကောင်း
သည်မို့ပင်.....

တအောင့်ကြာတော့ Songmeiက ဟင်းပွဲတွေ လာချရင်း
သူတို့ ညနေစာ စ စားကြတော့သည်....

^Trip To Daegu^

Jimin pov

ခြေထောက်ကို လာထိသော Hoseok hyung ကြောင့်
ကျွန်တော် သူ့ကို မျက်စောင်းထိုးကြည့်လိုက်မိသည်~အဲ့
Hyung ဟာလေ အစားစားရင်တောင် ငြိမ်ငြိမ်မနေ
ဘူး! တကယ်....

ကျွန်တော်လည်း ခြေထောက်ကို ရမ်းလိုက်ရင်း စားစရာ
ရှိတာ ဆက်စားနေလိုက်သည်....သို့သော် နောက်တစ်ကြိမ်
ပြန်ထိလာသော အေးစက်စက် အထိအတွေ့ကြောင့်
ကျွန်တော် လန့်သွားရသည်....

Hoseok hyung ရယ့် ခြေထောက်က ဘာလို့ ဒီလောက်
တောင် အေးနေတာလဲ ?

ကျွန်တော် တွေးလိုက်ရင်း Hyung ကို ကြည့်မိတော့ Hyung
က သူ့ရယ့် ပန်းကန်ထဲကိုသာ ဟင်းတွေ အကုန် ထည့်နေ
လေသည်....

Hyung မသိချင်ယောင်ဆောင်နေတာလား? ဒီ Hyung
တော့ နောက်နေ့ သူနဲ့ မဆော့ပေးပဲ နေလိုက်ရ!

" Jimin ဘာဖြစ်လို့လဲ ? "

တစ်ဖက်က Yoongi hyung ရယ့် ခပ်တိုးတိုးမေးသံ
ကြောင့် ကျွန်တော်လည်းHoseok hyungဆီမှ
အကြည့်လွှဲရင်း Yoongi hyung ဘက်လှည့်လိုက်
သည်....

" Hoseok hyungပေါ့....ကျွန်တော့် ခြေထောက်ကို
သူ့ခြေထောက်နဲ့ လာလာ ထိနေတယ်"

❗BTS HORROR COLLECTION❗Onde histórias criam vida. Descubra agora