//Final//

4.3K 563 19
                                    

Warning⚠
Death!!

//Hide And Seek//

Taehyung~

တဆစ်ဆစ် နှင့် ကိုက်ခဲနေသော ခေါင်းကို အသာကိုင်ရင်း
ကျွန်တော် ထလာမိသည် .... သို့သော် လက်ကို ချုပ်နှောင်
ထားသော အေးစက်စက် သံကွင်းများကြောင့် ကျွန်တော် လှုပ်
မရ.......နောက်တစ်ခုက မျက်လုံးကို ပိတ်ထားသော အမဲရောင်
အဝတ်စကြောင့် ကျွန်တော် ဘာမှ မမြင်ရ....

ထို့နောက် မနေ့ညက အကြောင်းတွေ ပြန်တွေးမိရင်း
ကျွန်တော် လန့်သွားမိသည်.....

ကျွန်တော်....ကျွန်တော် ပြန်ပေးဆွဲခံရတာလား?

ကျွန်တောလန့်သွားကာ အတင်း လက်ကို ရုန်းနေမိသည် ~
သို့ပေမယ့် ဘယ်လိုမှ ရုန်းမရ~ ရုန်းမရ တယ့်အပြင်
လက်တွေ ပွန်းကုန်တာကြောင့် လက်တွေနာလာရသည်~

" Tae...."

တံခါး ဖွင့်သံနှင့်အတူ ကြားလိုက်ရသော အသံကြောင့် ကျွန်တော်
ရုန်းနေရာမှ ရပ်သွားရသည် ~ ကျွန်တော်ဒီ အသံကို အရမ်း
ရင်းနှီးနေသည်....တဖြည်းဖြည်း နီးကပ်လာတယ့် ခြေသံ
ကို ကြားနေရပေမယ့် ကျွန်တော် မရုန်းမိတော့....

ကျွန်တော် အခုကြားလိုက်ရတာ Jungkookရယ့်
အသံလား? မဟုတ်လောက်ပါဘူး!! Jungkook
က....သူက.....

ကျွန်တော် တွေးလိုက်မိသည် နှင့် ရင်ထဲနာကျင်လာပြီး
အသက်ရှု မဝသလိုပင်ဖြစ်လာသည် ~ ကျွန်တော်
စိတ်ထဲကပင် ဆုတောင်းလိုက်မိသည်....အခု
ကျွန်တော့်ကို ခေါ်လာတာ Jungkookဖြစ်ပါ
စေလို့....

မဖြစ်နိုင်မှန်းသိပေမယ့်လို့.........

ကျွန်တော့်ရယ့် ပါးကို အုပ်ကိုင်လိုက်သော လက်အထိအတွေ့များ
ကြောင့် ကျွန်တော် လန့်သွားမိပြီး ရုန်းလိုက်မိသည် ~

" Tae ~ baby....."

နောက်ထပ် ကြားလိုက်ရတယ့် အသံကြောင့် ကျွန်တော် ငိုလိုက်
မိသည်.....ဒါ ကျွန်တော့်ရယ့် Jungkook အသံနှင့် အရမ်း
တူလွန်းနေသည်....နောက်ပြီး အထိအတွေ့....ထိုအထိအတွေ့
တွေကလည်း ကျွန်တော် အတွက် ရင်းနှီးနေသည်.....

❗BTS HORROR COLLECTION❗Donde viven las historias. Descúbrelo ahora