📍Rain

2.8K 327 5
                                    

Thirdperson View~

" ငါ့အထင်တော့ Hoseok နေခဲ့ရင်ကောင်းမယ် "

Taehyung တစ်ယောက်ရယ်ကျဲကျဲဖြင့် ပြောရင်း သိသိသာသာ မျက်နှာလေးဖြူဖျော့နေသော Hoseokအား စ နေလေသည်။ သူ့ဘေး၌ ရပ်နေသော Jeongguk ကလည်း Hoseok အား လက်ညိုးထိုးပြီးရယ်နေသလို Jimin ကတော့ maknae ၂ကောင်အား စိတ်ပျက်သလိုကြည့်နေသည်။ သို့သော် ပြုံးစိစိ ဖြစ်‌နေသော သူ့မျက်နှာသည်လည်း မရယ်အောင်မနည်းထိန်းနေကြောင်း သိသာလွန်းသည်။

Hoseok လည်း Jeonggukရယ့်လက်ကို ရိုက်ချလိုက်ရင်း...

"Yarr!!ငါ့ကို အထင်မသေးကြနဲ့။ အေးဆေးပဲ ငါဘာမှ မကြောက်ဘူး လိုက်မှာ "

Hoseok တစ်ယောက် သူ့ရယ့် ဖြူဖျော့နေသော မျက်နှာကိုမှ အားမနာ ထပြောလိုက်သောစကားကြောင့် ဒီတစ်ခါတော့ Jimin ပါမထိန်းနိုင်တော့ပဲ လိုက်ရယ်လေတော့သည်။

" ဟုတ်ပါပြီ။ နောက်မှ ကားပေါ်ကနေ ခုန်မချနဲ့‌နော် Hyung "

" မင်းတို့က ငါ့ကို တော်တော်အထင်သေးတာပဲ။ ဟိုကောင် ရယ်မနေနဲ့ ဆောင့်ကန်လိုက်ရ "

" ရှက်ရမ်း မရမ်းပါနဲ့ Hyungရယ်... ခွီး!!"

" Jimin!! မင်းက ငါ့ဘက်ကလေ !!"

"Minyanae hyungie"

Jimin ပြုတ်ကျနေတယ့် စာအုပ်ကို ကောက်လိုက်ရင်း Hoseokရယ့်လက်မောင်းကို ဖက်တွယ်လိုက်လေသည်။ Hoseokကတော့ ယခုအထိ စိတ်ဆိုးချင်ယောင်ဆောင်နေလေသည်။

" ဒါဆိုရင် ညနေ ၆နာရီ ဒီမှာပဲ တွေ့ ကြရအောင်။ hobi hyung စိတ်ပြောင်းရင်ဖုန်းဆက်နော် "

" ဒီကောင်တော့!!"

Hoseokတစ်ယောက် ဘေးနားက ရေဗူးအခွံ ဖြင့် maknaeအား လှမ်းပစ်လိုက်ပေမယ့်လည်း Jeonggukကတော့ ဂရုမစိုက်သလို အော်ရယ်ရင်း Taehyung ပုခုံးကို ဖက်ကာထွက်သွားတော့သည်။

! ! !

At 6:30pm

" မင်းလိုကောင်မှာ ရုပ်နဲ့မလိုက်တယ့် ကားရှိတာ တော်တော်အံ့ဩစရာကောင်းတာပဲ။ မင်းကြည့်တော့ အမဲရောင် hoodieကို တစ်ပတ် ၅ရက်လောက် မလျှော်ပဲဝတ်နေပြီး..."

❗BTS HORROR COLLECTION❗Tempat cerita menjadi hidup. Temukan sekarang