Part(25)

6.8K 300 68
                                    

က​လေးကစားကွင်းကဒန်း​လေးမှာထိုင်​ရင်း အ​တွေးများ​နေတဲ့​ကောင်​​လေးတစ်​​ယောက်

sehunဒန်း​လေးကို​ခြေ​ထောက်​​လေးနဲ့​ထောက်​ကာလွှဲရင်းမျက်​စိ​ရှေ့မှာကစား​နေကြတဲ့က​လေး​လေး​တွေကိုကြည့်​​နေမိတယ်

*အင်းးး တစ်​ချိန်​ကသူလဲအဲ့လိုအဖြူ​ရောင်​အချိန်​​တွေကိုပိုင်​ဆိုင်​ဖူးခဲ့တာပဲ သိပ်​အချစ်​ခံခဲ့ရဖူးတယ်​ သိပ်​အလိုလိုက်​ခံခဲ့ရဖူးတယ်​ အရိပ်​​တွေက​အေးမြခဲ့သလိုအနာဂတ်​ကလဲ​ရွှေ​ရောင်​​တောက်​ခဲ့တာပါပဲ ပီး​တော့ ကျွန်​​တော်​ချစ်​ခဲ့ဖူးတယ်​ထင်​ပါတယ်​ တစ်​စုံတစ်​​ယောက်​ကို​ပေါ့

မေ့လို့မရ​သေးဘူး အဆင်​​ပြေ​နေရဲ့လားဦးငယ်
တကယ်​​တော့ခင်​ဗျားကိုမုန်း​နေသင့်​တာပါ ဒါ​ပေမယ့်​ကျွန်​​တော်​မမုန်းဘူး ​နောက်​တစ်​ခါမဆုံ​တွေ့ချင်​​လောက်​​အောင်
နာကျည်းသွားရုံပါ

ကျွန်​​တော်​အခုမတူညီတဲ့အရိပ်​နှစ်​ခုကိုရှာ​တွေ့ထားတယ်
နှစ်​ခုလုံးက​အေးချမ်းမယ်​ဆိုတာသိ​​ပေမယ့်​ ခိုလှုံဖို့မရဲ​သေးဘူး
အမှန်​တိုင်း​ပြောရရင်​ကျွန်​​တော်​အရိပ်​နှစ်​ခုလုံးကို ရင်​ခုန်​​နေပါတယ်
အရိပ်​တစ်​ခုကိုအားကိုးခြင်းအပြည့်​နဲ့မှီခိုလိုက်​ချင်​သလို ​နောက်​အရိပ်​တစ်​ခုကို​တော့လွတ်​လပ်​ခြင်းနဲ့အတူရင်​ဖိုလှိုက်​​မောစွာချစ်​ကြည့်​ချင်​ပါတယ်

ဒါ​ပေမယ့်​ကျွန်​​တော်​​ကြောက်​​နေတယ်​ ယုံကြည်​အားကိုးခဲ့လိုက်​ခြင်းမှာ​ကျွန်​​တော့်​ဘဝတစ်​ခုလုံး
စုတ်​ပြတ်သတ်​​ခဲ့ပီးပီမလို့ ထပ်​ယုံကြည်​ဖို့ရာတုန်​လှုပ်​​နေမိတယ်​ ကျွန်​​တော်​မြင်​ပါတယ်​ အခြားသူ​တွေနဲ့မတူဘဲကျွန်​​တော့်​အ​ပေါ်ထားတဲ့ခင်​ဗျားတို့ရဲ့မြတ်​နိုးတန်​ဖိုးထာမှု့​တွေကို ချစ်​ခြင်းအပြည့်​နဲ့အကြည့်​​တွေကို
မြင်​ခဲ့ပါတယ်​ခင်​ဗျားတို့ရယ်

ခဏ​လောက်​​တော့​စောင့်​​ပေးနိုင်​မလား ?
ခင်​ဗျားတို့ဆီခိုဝင်​ဖို့ဒီ​ချောက်​နက်​ထဲကကျွန်​​တော်​ရုန်းထွက်​ဖို့လိုတယ်​ ကျွန်​​တော်​ပြန်​ဖြူစင်​ချင်​တယ်​ အဲ့တာကလဲခင်​ဗျားတို့​ကြောင့်
ပျောက်​ဆုံး​နေတဲ့ကျွန်​​တော့်​ကမ္ဘာ ကျွန်​​တော့်​အလင်း​တွေကိုပြန်​လိုချင်​ပါတယ်​ *

ချစ်သော.........ပို၍ချစ်သော(Rate-M)  [Complete]Donde viven las historias. Descúbrelo ahora