Part(36)

7K 428 122
                                    

Chanyeolအလုပ်​က​အပြန်​ ဒီ​နေ့အိမ်​ပြန်​ရမှာ​ပေမယ့်
လွမ်းရတဲ့မျက်​နှာ​လေးကို​တွေ့ချင်​လွန်း၍ကားပြန်​​ကွေ့ကာ
ကွန်​ဒိုကို​မောင်းခဲ့လိုက်​တယ်

passwordရိုက်​ပီးပီးချင်းမြင်​လိုက်​ရတဲ့ ​မှောင်​မဲ​နေတဲ့ကွန်​ဒို​ကြောင့်
* ဟင်​ ? ငယ်​အပြင်​များသွားသလား ? *
ဧည့်​ခန်းကိုအကြည့်​​ရောက်​​တော့ တင်​ထားတဲ့​ကော်​ဖီခွက်​က​လေး *ဧည့်​သည်​လာသွားတာလား? *
မီး​တွေဖွင့်​ကာ အိပ်​ခန်း​လေးဆီဦးတည်​လိုက်​တယ်
ငယ်​ပြန်​လာတဲ့အထိ​စောင့်​​နေဖို့ ~~

အိပ်​ခန်း​တံခါး​လေးဖွင့်​ မီးခလုတ်​နှိပ်​ပီးလင်းထင်းသွားတဲ့အခန်းငယ်​​လေးရဲ့ကုတင်​​ထောင့်​မှာကျုံ့ကျုံ့​လေးထိုင်​​နေတဲ့ငယ်​ ~~
ဒူးနှစ်​ဖက်​​ထောင်​ထားပီးဒူး​လေး​တွေကိုလက်​​လေးနဲ့ပိုက်​ကာ
ခေါင်း​လေးပါ​မှောက်​ထားတဲ့ငယ်​​ကြောင့်​ ~

" ငယ်​ ~~ "

ကုတင်​အစွန်း ငယ့်​အနားမှာကပ်​ထိုင်​ကာ ပခုံး​လေးကိုကိုင်​လှုပ်​ကာ​ခေါ်လိုက်​​တော့ ​ခေါင်း​လေး​ထောင်​ကြည့်​တယ်
မို့အစ်​​နေတဲ့မျက်​လုံး​လေး​တွေနဲ့ နီရဲ​နေတဲ့နှာသီးဖျား​လေး​ကြောင့်

" ငိုထားတာလား ငယ်​ ~~
ဟုတ်​လား ? ဘယ်​သူဘာလုပ်​လို့လဲ ?
ကိုယ့်​ကို​ပြော ~~ "

ဘာမှမ​ပြောဘဲရင်​ခွင်​ထဲ​ကြောင်​​ပေါက်​​လေးတစ်​​ကောင်​လိုတိုး​ဝေ့ဝင်​လာ​သောကိုယ်​လုံး​လေးကို​ပွေ့ဖက်​လိုက်​တယ်

" ​နေမ​ကောင်းလို့လား ငယ်​ ~~
ဧည့်​ခန်းမှာ​ကော်​ဖီခွက်​​တွေ့တယ်​ ~
ဘယ်​သူလာသွား​သေးလဲ ? "

ရင်​ခွင်​ထဲကမျက်​နှာ​လေးကိုငုံ့ကြည့်​ကာဆိုမိ​တော့ ​ခေါင်းခါပြတယ်​ *အင်း ခက်​ပီ ဘာ​မေး​မေးဘာမှလဲမ​ပြောဘူး *
ခနကြာမှရင်​ခွင်​ထဲကကိုယ်​လုံး​လေးလှုပ်​လာကာ မျက်​နှာချင်းဆိုင်​ကာကျွန်​​တော့်​မျက်​နှာကို​စေ့​စေ့ကြည့်​လျက်

" ကျွန်​​တော့်​ကိုချစ်​ရတာdarlingရှက်​လားဟင်​ "

" ဟင်​ ?? ဘာကို ~~ "

ချစ်သော.........ပို၍ချစ်သော(Rate-M)  [Complete]Hikayelerin yaşadığı yer. Şimdi keşfedin