Part(46)

6.9K 431 271
                                    

ငါးနှစ်​ခန့်​ကြာ​သော်​ .....

sakuraပန်းပွင့်​တို့နဲ့​ဝေ​ဝေဆာ​နေတဲ့ခြံကျယ်​ကြီးထဲ က​လေးတစ်​သိုက်​​ပျော်​မြူးစွာ​ဆော့ကစားလို့ ~~
အဲ့ဒိမြင်​ကွင်း​လေးကိုချယ်​ရီပင်​ရိပ်​​အောက်​ကကြည့်​​နေတဲ့​ခန့်​ညားတဲ့ယောကျာ်းတစ်​​ယောက်​ ~~

" ဦးငယ်​​ရေ ~~~
ထမင်းစားရ​အောင်​ က​လေး​တွေပါ​ခေါ်ခဲ့​နော်​ "

ချယ်​ရီပင်​​အောက်​ကဦးငယ်​ဆို​သောလူမှာအိမ်​ထဲကလှမ်း​အော်​​ပြောတဲ့အသံ​လေး​ကြောင့်​ အ​ဆော့မက်​​နေတဲ့က​လေးတစ်​သိုက်​ကိုထိန်းကာ အိမ်​ထဲ​ဝင်​လာခဲ့တယ်

" papaသား​တွေသမီး​တွေ ~~ ကိုယ့်​​နေရာကိုယ်​ယူမယ်​ ~ လုမစားရဘူး​နော်​ "

" ဟုတ်​ papa ~~ "

သံပြိုင်​​အော်​သံကြားpapaဆိုတဲ့နုနုနယ်​နယ်​​ကောင်​​လေးက​တော့​ပီတိပြုံး​လေးဆင်​မြန်းလို့ ....

စားပီး​သောက်​ပီးသွားကြ​တော့ ​နေ့လည်​​နေ့ခင်းက​လေး​တွေကိုသိပ်​ဖို့ပြင်​ရတယ်
က​လေး​တွေအိပ်​​ပျော်​သွား​တော့လဲတစ်​ခန်းဝင်​တစ်​ခန်းထွက်​ပူပန်​စွာထပ်​ကြည့်​ရပြန်​တယ်

နောက်​ဆုံးအဝါနု​ရောင်​သုတ်​ထားတဲ့အခန်းငယ်​ကိုဖွင့်​လိုက်​​တော့နှစ်​ခြိုက်​စွာအိပ်​​ပျော်​​နေတဲ့ကျွန်​​တော့်​ရဲ့ရှင်​သန်​ရာ​လေး

ဘေးနား​လေးဝင်​ထိုင်​ကာနဖူး​ပေါ်ကဆံသားနုနု​လေး​တွေကိုလက်​နဲ့အသာသပ်​​ပေးလိုက်​တယ်​ ခြံအပြင်​ကချယ်​ရီပင်​ကြီး​အောက်​မှာ​တောင်း​လေးထဲကအနှီးထုပ်​​လေးနဲ့သားငယ်​​လေးကို​တွေ့တုန်းက
မျက်​ရစ်​အကြီးကြီး​တွေ , နားကားကား​လေး​တွေနဲ့တစ်​စုံတစ်​​ယောက်​နဲ့သိပ်​တူတာ ~~
ပြုံးလိုက်​ရင်​​တောင်​နစ်​ဝင်​သွားတက်​တဲ့ပါးတစ်​ဖက်​ကပါးချိုင့်​​လေးကိုစ​တွေ့ချိန်​မှာကျွန်​​တော်​မျက်​ရည်​တစ်​သွင်​သွင်​ကျတဲ့အထိ​ပျော်​မိခဲ့တာ

သားငယ်​​လေးကကျွန်​​တော်​ကိုတစ်​ဖန်​ရှင်​သန်​ချင်​​အောင်​အားဖြစ်​​စေခဲ့တဲ့ကျွန်​​တော့်​ရဲ့ကမ္ဘာငယ်​​လေးပါ
လွမ်းရသမျှအလွမ်းတို့ကသားငယ်​​လေးကိုမြင်​ရုံနဲ့တင်
တင်းတိမ်​နိုင်​ခဲ့တယ်

ချစ်သော.........ပို၍ချစ်သော(Rate-M)  [Complete]Donde viven las historias. Descúbrelo ahora