Part(29)

8.2K 344 132
                                    

အိပ်​ရာ​ပေါ်လှဲအိပ်​​နေတဲ့ကျွန်​​တော့်​အ​ပေါ်အုပ်​မိုးလို့အနမ်း​တွေ​ခြွေ​နေတဲ့​မောင်​ ~~
အိပ်​ရာနိုးနိုးခြင်းလူကိုအနမ်းနဲ့နှိပ်​စက်​​နေတာ
မ​နေ့ညက​sehunစိတ်​မ​ကောင်းဖြစ်​သွားတာ​ကြောင့်​​မောင်​ကမပြန်​ဘဲsehunအခန်းမှာသာအိပ်​ခဲ့တယ်

အနမ်းအပြင်​ဘာမှအဆင့်​ပိုမတက်​ခဲ့တဲ့​မောင်​ဟာsehunကိုသိပ်​ချစ်​မှန်းသိသာတယ်

အိပ်​ရာ​ပေါ်မှာချိုမြိန်​တဲ့အနမ်း​တွေ​နဲ့sehunကိုနိုးထ​စေတဲ့​မောင်​ဟာသိပ်​နူးညံ့တာပဲ ​မောင့်​အနမ်းချိုချို​တွေထဲ​မျော​နေတုန်း sehunအခန်းတံခါးပွင့်​လာကာ
sehun​ပေါ်ကိုအုပ်​မိုးထားတဲ့​မောင်​ကကြမ်းပြင်​ကိုလွှင့်​ကျသွားတယ်

" ခွပ်​ ~~ !! "

လွှင့်​ကျသွားတဲ့​မောင့်​အ​ပေါ်ခွထိုင်​ကာတစ်​ချက်​ပီးတစ်​ချက်​ထိုး​နေတဲ့ဦး​ကြောင့်​ sehunအိပ်​ရာ​ပေါ်မှအမြန်​ထကာဆွဲရ​တော့တယ်

" ဦး ~~ ဘာလုပ်​တာလဲ ?
တော်​ပါ​တော့ !!!! "

sehun​အော်​​ပြောလိုက်​​ပေမယ့်​လဲ​ဒေါသတအားကြီးတဲ့ဦးဟာမရပ်​တန့်​ခဲ့ဘူး

" မင်းကဘာ​ကောင်​လဲ !!! ဟမ်​ !!!!
ဘာ​ကောင်​မို့က​လေးအခန်းထဲ​ရောက်​​နေတာလဲ !!!!! "

အော်​​ပြောကာတစ်​ရပ်​ထိုး​နေတဲ့ဦးကိုkaiကအငိုက်​ဖမ်းလိုက်​ကာ တစ်​ဖန်​ပြန်​လုံး​ထွေးလိုက်​တယ်​ အခုkaiက​အ​ပေါ်​ရောက်​သွားတာ​ကြောင့်​ ထရပ်​လိုက်​ကာ စုတ်​ပြတ်​သတ်​သွားတဲ့ပါး​စောင်းကိုလက်​နဲ့သုတ်​ရင်း မဲ့ပြုံးတစ်​ချက်​နဲ့

" ဟက်​ !! ခင်​ဗျားကKဆိုတာလား ?
သားအရွယ်​​လေးကိုတဏှာတစ်​ခုအတွက်​သိမ်းပိုက်​ထားတာ ! ​​လှောင်​အိမ်​ထဲကိုထည့်​ ခင်​ဗျားတစ်​​ယောက်​ထဲအတွက်​ပဲ​ပျော်​​တော်​ဆက်​ ~~ hunnieကိုအဲ့လိုပဲ​နေ​စေချင်​တာမှတ်​လား ? ဟက်​ဟက်​ !!! ဒါ​ပေမယ့်​စိတ်​မ​ကောင်းစရာပဲ

ခင်​ဗျား​စေချင်​သလို​စေလို့ရတဲ့အချိန်​ကhunnieအနားkim kaiဆိုတဲ့ကျွန်​​တော်​​ပေါ်မလာခင်​ထိပဲရမယ်​ ~~ ခင်​ဗျားတန်​ဖိုးမထားတဲ့အရာကိုအမြတ်​တနိုးတန်​ဖိုးထားတဲ့လူ​ပေါ်လာမှလွတ်​တဲ့ငါးလာကြီးပြမ​နေနဲ့ !!

ချစ်သော.........ပို၍ချစ်သော(Rate-M)  [Complete]Où les histoires vivent. Découvrez maintenant