နောက်ဆုံး မဲများသွားသည်က
ပင်လယ်~၂ရက်ထဲမို့ ဝေးဝေးလည်းသွားမရဆိုတော့
အနီးနားကပင်လယ်ကိုပဲသွားမည်ဟု
ဆုံးဖြတ်ချက်ချခဲ့သည်....."ဟွန်းလေး အရမ်းပျော်နေတယ် ဟုတ်လား?"
သီချင်းတညည်းညည်းနဲ့ ကျောပိုးအိတ်ထဲ
အဝတ်စားထည့်နေတဲ့ ကျတော်ကို မေမေက
ပြုံးရင်းမေးလာသည်...ပျော်တာမှ အရမ်းပဲ အရမ်းပဲမေမေရေ!!
ဆယ်ဟွန်း မျက်လုံးလေးမှိတ်ပြကာ ပြုံးရင်း
ခေါင်းငြိမ့်ပြလိုက်တယ်.."ဟိုကျ ပင်လယ်ရေတွေသိပ်ထိမနေနဲ့နော်
ဖျားမယ် ကိုယ့်ကြောင်းကိုယ်သိ""ဟုတ်ကဲ့ပါ မေမေရဲ့..."
မေမေရင်ခွင်ထဲ တိုးဝင်ကာခါးဖက်ပြီး
ပါးကိုတစ်ချက်လှမ်းနမ်းလိုက်မိသည်...တကယ်ဆို ဂျွန်မြောင်စိတ်ပူလို့
မလိုက်စေချင်ဒါမဲ့ သားကလိုက်ချင်ပါတယ်ဆိုလို့လေ...
"ဘွားကို သားလိုက်ဖြစ်တဲ့အကြောင်း
မေမေ မနေ့ညကပြောဖြစ်သေးတယ်""ဟုတ်လား အဟိ.."
"ကောင်းကောင်းပျော်ခဲ့တဲ့ ဘွားကပြော
ခိုင်းလိုက်သေးတယ်...""စိတ်ချ ပျော်မှာ.."
ဆယ်ဟွန်း အရမ်းရင်ခုန်ပြီးပျော်နေတယ်
ဒီခရီးစဉ်က သူ့ကိုအပြောင်းလဲတစ်ခုခု
ပေးမယ်လို့လဲ စိတ်ကထင်နေမိသည်.....................
📱"ဟွန်းငယ်ကိုလည်း ဂရုစိုက်လိုက်အုံး
နော်မြေးချန်း ပစ်မထားနဲ့..""အာ ဘွားကလည်း မီယောင်းရောပါ
မှာဗျ!""ဘယ်သူပါ ပါလေ ဘွားပြောထားတယ်နော်"
"ဘွားဗျာ! ကျတော်ဒီလောက်တားခိုင်း
နေတာကို တကယ်ပဲ"
![](https://img.wattpad.com/cover/135343466-288-k916798.jpg)
YOU ARE READING
မာနတို့ဖြင့်~လှပခဲ့သော~အချစ် [Completed]
Fanfiction◀◀SEHUN CHANYEOL▶▶ ◀CHANHUN YEOLHET▶ (Zawgyi-Unicode)