"ချန်း~ ဆန်ပြုတ်ထည့်ပေးထားတယ်နော်
နေ့လယ်ဆေးသောက်ဖို့လည်းမမေ့နဲ့..""အွန်းပါ မီယောင်းရဲ့.."
ချန်းယောလ်ဖျားတဲ့ တပတ်တိတိ မီယောင်းကပဲပြုစုပေးခဲ့သည် အမေကတော့
ခဏခဏတော့ လာကြည့်ပြီး.စားချင်တာလေးတွေလုပ်လာပေးပါတယ်...ခုလည်း ချန်းယောလ် အလုပ်သွားမှာမလို့မနက်အစောထပြီး မီယောင်းဆန်ပြုတ် ပြုတ်ပေးသည်
"ကျေးဇူးတင်ပါတယ် မီမီ~"
သူမလက်ကိုဆုပ်ကိုင်ကာဆိုမိတော့
"ချန်းနဲ့ကျမကြား အာ့တာတွေမလိုပါဘူး
နေလို့သိပ်မကောင်းရင် ပြန်နားနော်..."အင်းပါ ဒီနေ့လာမအိပ်နဲ့တော့လေ
ကိုယ်လည်းသက်သာနေပြီပဲ"ကိုယ်တွေက ရိုးသားစွာ အခန်းတစ်ခန်းစီအိပ်ကြပေမဲ့ လူတွေအပြောကရှိသေးသည်
မီယောင်းက မိန်းမသားမို့ ပိုအားနာရတယ်
"ဟုတ်ကဲ့ပါ အာ့ဆို ကျမသွားပြီနော်."
မီယောင်းထွက်သွားမှ သူပြင်ပေးခဲ့တဲ့ဆန်ပြုတ်ဗူးလေးယူကာ ကုမ္ပဏီထွက်လာခဲ့သည်...
ကုမ္ပဏီရောက်တော့ ဝန်ထမ်းတွေအခန်းနားဖြတ်လျှောက်ရင်းဆယ်ဟွန်းကိုမသိမသာရှာမိ
သူခုံလေးက လူမရှိ..
မလာသေးတာလား?? မဟုတ်မှ
နေများမကောင်းလို့လား??ချန်းယောလ်ဖျားတဲ့တပတ်အတွင်း
တောထဲတုန်းက ဆယ်ဟွန်းပေါ်ပြောခဲ့တာ
တွေ စိတ်မကောင်းဖြစ်မိနေတာ...အာ့တုန်း သူ့ကိုသူလည်း ဘာတွေပြော
ခဲ့မိမှန်း တကယ်ကိုမသိတော့သူ့ကိုစိတ်ပူတဲ့စိတ်တွေကြောင့်ပါ
တစ်ခုခုဖြစ်သွားရင်ဆိုတဲ့အတွေးတွေ
သူ့ကိုမြင်လိုက်ရတော့ စိတ်တွေလွတ်ကုန်တာ
YOU ARE READING
မာနတို့ဖြင့်~လှပခဲ့သော~အချစ် [Completed]
Hayran Kurgu◀◀SEHUN CHANYEOL▶▶ ◀CHANHUN YEOLHET▶ (Zawgyi-Unicode)