"အိုဆယ်ဟွန်း ဟုတ်လား ဘွား"
"ဟုတ်တယ် ဆယ်ဟွန်းနီးလေး ဘယ်လိုသဘောရလဲ မြေးချန်း"
တကယ်ဆို ဘွားသည် ချန်းယောလ် ဆန္ဒကိုမေးတာမဟုတ်ပဲ သူ့ဆန္ဒကိုသာ ပြောနေခြင်းဖြစ်သည်
ဘယ်လိုပဲ ဖြစ်ဖြစ် ဘွားစိတ်သာမူကအရေးကြီးတာမို့..
"ဘွားသဘောက ကျတော်သဘောပါပဲ"
"အားဂူး အာ့ကြောင့် ဘွားကတုန်နေအောင်ချစ်ရတာ နေအုံး မင်းအဖေဆီဖုန်းဆက်ရမယ်"
"ဟုတ် အာ့ဆို ကျတော်အပေါ်တက်နားတော့မယ်နော် အဘွား"
"အေး မြေးလေး အဒေါ်ကြီးကိုခဏနေ သံပရာရည်ပို့ခိုင်းလိုက်မယ်"
ချန်းယောလ် ဘွားကိုတစ်ချက်နမ်းက အပေါ်ထပ်က အခန်းထဲတက်လာခဲ့သည်
အိုဆယ်ဟွန်း!!
ဆယ်ဟွန်းဆိုတာ အိုအိမ်တော်ရဲ့ တစ်ဦးတည်းသောမျိုးဆက်ဖြစ်ကာ ချန်းယောလ်နဲ့သက်တူရွယ်တူ ကောင်လေးတစ်ယောက်ဖြစ်သည်
ချန်းယောလ်တို့ ပတ်အိမ်တော်နဲ့အိုအိမ်တော်က ဟိုးအရင် ချန်းယောလ်တို့်မမွေးခင်ကတည်းခင်မင်ရင်းနှီးကျတာပါ
ချန်းယောလ်အဘွားနဲ့ဆယ်ဟွန်းအဘွားက ငယ်ငယ်လေးကတည်းက သူငယ်ချင်းတွေ
ဖေဖေနဲ့ဆယ်ဟွန်းမေမေတို့ကတည်းက လက်ထက်ပေးချင်ခဲ့တာ ဟိုဟာတွေက သူ့တို့ချစ်သူတွေနောက်လိုက်ပြေးကြသည်မို့ သူတို့နှစ်ယောက်လက်လျော့လိုက်ခြင်းပင်
ဒါမဲ့ ခုတော့သူတို့အိမ်ထောင်ဘက်တွေက ဆုံးပါးသွားကြပါပြီ ပြောရရင် ကျတော်မေမေနဲ့ဆယ်ဟွန်းဖေဖေပေါ့..
ခုတော့ မြေးတွေအလှည့်ကျမှ အကောင်ထည်ဖော်မည်ပုံပင်
ဒါမဲ့ ဆယ်ဟွန်းအဘွားကတော့ လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းကဆုံးပါးသွားတာ

YOU ARE READING
မာနတို့ဖြင့်~လှပခဲ့သော~အချစ် [Completed]
أدب الهواة◀◀SEHUN CHANYEOL▶▶ ◀CHANHUN YEOLHET▶ (Zawgyi-Unicode)