ခပ်နွေးနွေးနေရောင်လေး မျက်နှာပေါ်ကျရောက်တာကြောင့် ဂုဏ်တစ်ယောက် ပိတ်ထားတဲ့မျက်လုံးများကို အားယူပြီးဖွင့်လိုက်သည်။ ဘေးကိုလက်နဲ့အသာစမ်းကြည့်တော့ မင်းမာနရှိမနေခဲ့။ ဂုဏ် လှည့်ကြည့်တာရုတ်တရက်ထထိုင်လိုက်တော့ စူးခနဲအောင့်တက်လာတဲ့ ခါးအောက်ပိုင်းကြောင့် မျက်နှာလေးမဲ့သွားပေမယ့် ရင်ထဲကနာကျင်မှုကပိုနေသည် ။ ထိန်းထားသည့်မျက်ရည်မ်ားက တသွင်သွင်စီးကျကာ ဝမ်းနည်းစိတ်ကလှိုက်တက်လာသည် ။
အခုလိုချိန်မှာတောင် ကျွန်တော့်ဘေးမှာဘာလို့ ရှိမနေတာလဲ ။ ကျွန်တော်က ခင်များအတွက်ဘာလဲ ကိုကို ။ အနည်းဆုံးတော့ မျက်လုံးဖွင့်ရင် ကျွန်တော့်ဘေးမှာရှိနေသင့်တယ်မလား ။ ကျွန်တော်က ခင်များအတွက် ဘာများလဲဗျာ။
ကျလာတဲ့ မျက်ရည်များကို လက်ခုံနဲ့ဆွဲပွတ်သုတ်ရင်း ကုတင်ပေါ်ကဆင်းလိုက်တော့ ယိုင်လဲကျသွားသည်။ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တဲ့ သူ့အဖြစ်ကိုတွေးကာ မျက်ရည်ကျလာပြန်သည် ။ ကိုယ်ပေါ်မှာ ပေါင်လယ်လောက်သာရှိတဲ့ မင်းမာန င်္အကျီ အနက်ရောင် T-shirtလေးတစ်ထည်တာရှိသည်။ လမ်းမလျှောက်နိုင်တာကြောင့် ဂုဏ် ရေချိုးခန်းဆီကို လေးဘက်လေးထောက်ကာ လျှောက်ပြီး မျက်ရည်များကလည်း ကျနေသည် ။ ပါးစပ်မှလည်းမကျေနပ်ချက်များကိုရေရွတ်နေသည်။
''မင်းမာန မကောင်းတဲ့ကောင် ဆိုးလိုက်တဲ့ ငါ့အဖြစ် ။ နာလို့သေတော့မယ် ။ လုပ်ချင်တာလုပ်ပြီး ငါ့အနားမှာ မနေဘူး.....သနားပါတယ် ငါဘဝလေးက လမ်းတောင်ဖြစ်သလိုသွားနေရတယ် "
ပြောရင်း ငိုရင်းနဲ့ ရေချိုးခန်းရှေ့ရောက်သွားတော့ ရေချိုးခန်းတံခါးလေးက ကျွီခနဲပွင့်လာတော့ ဂုဏ်ကြည့်လိုက်ရာ ရေစက်လေးတွေတွဲခိုနေတဲ့ ဖြူဖွေးနေတဲ့ခြေထောက်တစ်စုံ ။ တဖြည်းဖြည်း အပေါ်ကိုမော့ကြည့်မိတော့ သဘက်အဖြူလေးတစ်ခု ။
''babe ဘာလုပ်နေတာလဲ "
မင်းမာန အသံကြားတော့မှ ဂုဏ် လေးဘက်လေးထောက်ထားရာမွ ခွေခွေလေးလဲကျပြီး အသံပြဲနဲ့အော်ငိုတော့သည်..............။
YOU ARE READING
သူ့နှုတ်ခမ်းထက်က (သူ့နှုတ်ခမ်းထက်က)
Romanceချစ်တယ်ဆိုတဲ့ စကားလုံးလေး၂လုံးနဲ့တင် လိမ်ညာခဲ့သမျှမျက်လုံးမှိတ်ယုံချစ်တဲ့ကောင်လေးနဲ့ အမုန်းကိုသာရှေ့တန်းတင်ခဲ့တဲ့ကောင်လေး၂ယောက်ရဲ့ဇာတ်လမ်းလေးက................... သူ့နှုတ်ခမ်းထပ်က.. ............. ချစ်တယ်ဆိုတဲ့ စကားလုံးလေး၂လုံ...