part 24(z+u)

25.3K 1.5K 35
                                    

ကျွန်တော်ကားထဲမွာ အချိန်တော်ကြာစဉ်းစားပြီးမှ နာရီကိုကြည့်လိုက်တယ် အင်း...ဒီအချိန်ဆို babeရုံးဆင်းခါနီးပြီ ။ အကြံတစ်ခု ခေါင်းထဲမွာပေါ်လာတယ် ။ ဒါက babe ကျွန်တော်ကို စိတ်နာပြီး မုန်းသွားဖို့ ရှင်းအောင်ပြောရရင် ကျွန်တော့်ကိုလမ်းခြဲဖို့ ။  ဒါမှလည်း ကျွန်တော်ချုပ်နောင်နှိပ်စက်ပြီးအပူတွေပေးထားတဲ့ သူ့ဘဝကြီး လွတ်မြောက်မယ်လို့ကျွန်တော် ထင်လို့ပါ ။ babeနဲ့ကျွန်တော်လမ်းခွဲပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြတဲ့အခါ သူ့မှာ ကျွန်တော်ပေးတဲ့နာကျင်မှုတွေ လိမ်ညာမှုတွေမခံစားရတော့သလို ကျွန်တော်ကိုယ်တိုင်လည်း အမြဲဟန်ဆောင်နေစရာမလိုတော့ဘူးလေ ။ ခဏတာတော့ သူခံစားရမွာပေါ့ ။ ဒါမဲ့အချိန်ကကုစားသွားပါလိမ့်မယ် ။ အဟက်....ကျွန်တော်ကတော့.................။

ကျလက်စမျက်ရည်များကိုဖယ်ရှားပြီး ဖုန်းထုတ်ကာ ကျွန်တော် လရိပ်ဆီဖုန်းဆက်လိုက်ပြီး

''မင်းအခု ဘယ်မွာလဲ''

''လရိပ်က ခုနကဆိုင်ထဲမွာလေ ကော်ဖီသောက်နေတာ ဘာလို့လဲ mလေး''

''စောင့်နေ ငါမင်းကိုပြန်လာခေါ်မယ် ''

ဖုန်းချလိုက်တော့ သူမမျက်နှာပြုံးသွားသည်.......။

ရှင်ကျွန်မဆီပြန်ရောက်လာမယ်လို့ ပြောခဲ့သားပဲ........။

ခဏနေတော့ မင်းမာနကားဆိုင်ရှေ့မှာရပ်ပြီးချင်းပဲ လရိပ်ကားပေါ်တက်ထိုင်လိုက်သည်....မင်းမာနလရိပ်ကို တစ်ချက်ကြည့်ပြီး မျက်နှာထားတင်းကာ ကားမောင်းထွက်သွားသည်....နေရာကတော့ ဂုဏ့်....အိမ်က.........။

ဂုဏ့် အိမ်ရောက်တော့ လရိပ် နားမလည်ဟန်နှင့် မင်းမာနအား

''ဒါ ဘယ်သူ့အိမ်လဲ''

သူမအမေးကို မင်းမာနမဖြေဘဲ သူမလက်အား တင်းကျပ်စြာဆြဲကာ အိမ်ထဲဝင်လာသည် ။ မျက်နှာထားကတော့ တည်ထားသည် ။ အိမ်ထဲရောက်တော့ မင်းမာန ခဏရပ်သွားသည် ။ ပြီးမှ သူနဲ့ဂုဏ်တို့ အိပ်ခန်းထဲသို့ ဦးတည်သွားသည် ။ အနောက်ကနေ လိုက်လာတဲ့ လရိပ်ကတော့ ဘာမှနားမလည်သလို အခန်းထဲရောက်တော့ မင်းမာန လရိပ်လက်ကိုလွှတ်လိုက်သည်။ ဝရံတာကနေ ထွက်ကြည့်တော့ ဂုဏ့်ကားလေးအိမ်ထဲဝင်လာလေပြီ ။ မင်းမာန နာကျင်ကွဲအက်တော့မည့် ရင်ဘက်ကိုလျစ်လျူရှူကာ လရိပ်အား ကုတင်ပေါ်သို့စောင့်တွန်းချပြီး အပေါ်မှအုပ်မိုးကာ သူမင်္အကျီစကို အနည်းငယ်ဆွဲချလိုက်ပြီး သူမနှုတ်ခမ်းမ်ားကို မျက်လုံးမှိတ်ကာ နမ်းတော့သည် ။ လရိပ်လည်း ပထမတော့ လန့်သွားပေမဲ့ မင်းမာန သူ့ဆီပြန်လာသည်အထင်နှင့် အနမ်းမ်ားကို ပြန်တုန့်ပြန်လေသည်။ မင်းမာန အခန်းတံခါးကို ဟထားခဲ့သည်။ တစစနီးကပ်လာသည့် ခြေသံလေးအား နမ်းရင်းသာ ရင်ကွဲခံပြီးနားစွင့်နေသည် ။

သူ့နှုတ်​ခမ်းထက်က (သူ့နှုတ်ခမ်းထက်က)Where stories live. Discover now