part 23(z+u)

25.3K 1.4K 14
                                    

Part-23

''ရော့ သောက်ကြည့်''

မိုးသောက် သွန်းခ ခွက်ထဲအား ဝိုင်နီဖြည့်ထည့်ပြီးသောက်ခိုင်းတော့ ပြူးကြောင်ကြောင်လေးမော့ကြည့်သူ

''ကျွန်တော်မသောက်...''

''သောက်ပါကွာ မင်းအမေသိတာလည်းမဟုတ်ဘူး ကိုယ်တစ်ယောက်တည်းသောက်ရမှာ ပျင်းလို့ပါ သောက်ပါ''

အဲ့လိုပြောတော့ မျက်လုံးလေး ကလယ်ကလယ်ဖြင့် အားနာသည့် ပုံစံနှင့် မရဲတရဲသောက်လေသည်။ ပါးစပ်ထဲသို့ ဝိုင် အရသာအနည်းငယ်ဝင်သြားတော့ သွန်းခ အရသာခံကြည့်သည်။

''ဘယ်လိုနေလဲ ကောင်းတယ်မလား''

မျက်နှာလေး ပြုံးသွားပြီး ခေါင်းတစ်စက်စက်ငြိမ့်ကာ

''အချိုရည်လိုပဲ သောက်လို့ကောင်းတယ်''

ဆိုကာ ထည့်ထားသောဖန်ခွက်ထဲကဝိုင်တွေကိုအကုန်မော့သောက်လိုက်သည် ။ မိုးသောက်တားချိန်တောင်မရ ။

''နည်းနည်းလောက်ထပ်ပေးပါ''

မိုးသောက် နည်းနည်းထည့်ပေးတော့

''များများလေးထည့်''

''မူးမယ်နော် သွန်းခ''

''ဝိုင်ကမမူးဘူးလို့ပြောတာတော့ ကြားဖူးပါတယ် ဟီးဟီး''

သွားလေးဖြဲကာ သောက်ကောင်းကောင်းနဲ့ တစ်ခွက်ပြီးတစ်ခွက်သောက်ပြီးသည့် အခါ သွန်းခ ခေါင်းပင် မထောင်နိုင်အောင်မူးနေသည် ။ စားပြဲပေါ် ခေါင်းလေးမှောက်က်သြားကာ မူးနေသည့်အရှိန်ကြောင့် မျက်နှာလေးကရဲလို့ ။ မိုးသောက် သွန်းခကို လှုပ်ကာ နှိုးကြည့်သည် ။

''သွန်းခ သွန်းခ သွန်းခ''

''အာ ဒုက္ခပဲ သောက်ဖို့လာတာငါ မူးနေတာသူ ဝိုင်လေး၄ခွက်သောက်ပြီးမှောက်နေရတယ်လို့''


မိုးသောက်လည်း bill ရှင်းကာ သွန်းခကိုကျောပိုးပြီး ကားပါကင်သို့ ဆင်းလာခဲ့သည် ။ ကားပေါ်ရောက်တော့ ဘေးမှာချပေးကာ ခါးပတ်ပတ်လိုက်တော့ မူးသမားလေးပ ပွစိပွစိဖြင့် ဘာတွေပြောနေမှန်းမသိ ။ မိုးသောက် အနားကပ်ကာ နားထောင်ကြည့်တော့ မသဲကွဲ။

သူ့နှုတ်​ခမ်းထက်က (သူ့နှုတ်ခမ်းထက်က)Where stories live. Discover now