''ဟင် အစ်ကို "
All black နဲ့ နေကာမျက်မှန်အမဲရောင်ကို ဆွဲချွတ်ကာ သူ့အား မျက်လုံးလေးပြူး ပါးစပ် လေးဟကာ ကြောင်ကြည့်နေသည့် သွန်းခကို မိုးသောက်မျက်မှောင်ကျုံ့ကာ ကြည့်ပြီး
''ဘာကြည့်နေတာလဲ တံခါးဖွင့်လေ "
မိုးသောက်အသံကြားမှ သွန်းခလည်းသတိဝင်ကာ တံခါးကိုခပ်မြန်မြန်ဖွင့်ပေးလိုက်တော့ လက်ထဲကသစ်သီးခြင်းကိုကိုင်ကာ သူ့အိမ်သူ့ယာလို ကော့တော့တော့နဲ့ သွန်းခကိုပင်မကြည့်ဘဲဝင်သြားလေသည် ။ သွန်းခလည်း သူ့နောက်မွ ကြောင်တောင်တောင်လေးနှင့်လိုက်သြားသည်။ အိမ်ထဲရောက်တော့ မိုးသောက် သွန်းခဘက်ရုတ်တရက်လှည့်ပြီး
''မင်းအမေရော "
''ဟို...ဟို ထမင်းစားခန်းမှာ "
သွန်းခပြောလိုက်သည်နှင့် သူထင်သည့် ထမင်းစားခန်းထဲသို့ တန်းတန်းမတ်မတ်ဝင်သြားလေသည် ။ သွန်းခလည်း နောက်ကနေ တကောက်ကောက်လိုက်လို့ ထမင်းစားခန်းထဲရောက်တော့ ထမင်းစားနေတဲ့ သွန်းခေမမေက
''သား ဧည့်သည်ထင်တယ် "
''ဟုတ်ကဲ့ ကျွန်တော် နာမည်မိုးသောက်ပါ သွန်းခအလုပ်လုပ်နေတဲ့ company က မန်းနေဂျင်းပါ "
အသီးခြင်းကြီးကို ခုံပေါ်တင်ကာ သွန်းခမေမေအား ခေါင်းငုံ့ကာ ရိုရိုသေသေမိတ်ဆက်နေသည့် မိုးသောက်ကို သွန်းခ အခုထိနားမလည် ပါးစပ်အဟောင်းသားဖြင့်သာ ကြည့်နေနိုင်သည် ။
" သြော် သားcompanyက အလုပ်ရှင်ကို ထိုင်ပါရှင် ထိုင်ပါ သား ဘာလုပ်နေတာလဲ ဧည့်သည့်ကို ကြောင်ကြည့်နေပြန်ပြီ ဒီကလေးနှယ့် "
မိတ်ဆက်လိုက်တော့ သွန်းခမေမေလည်း စွန်းခရင်းကိုခ်ကာ ဧည့်ခံလေသည် ။
''သြော်..... ကြည့်ပါအုံး ငယ်ငယ်ချောချောလေးပဲ မန်းနေဂျင်းဆိုတော့ အသက်ကြီးကြီးလို့ အန်တီကထင်နေတာ ဒါနဲ့ သားထမင်းစားပြီးပြီလားကွယ့် "
''မေမေကလည်း အခုစားမလို့လေ "
''မင်းကိုပြောတာမဟုတ်ဘူး ဒီကသားကိုမေးတာပါ "
ESTÁS LEYENDO
သူ့နှုတ်ခမ်းထက်က (သူ့နှုတ်ခမ်းထက်က)
Romanceချစ်တယ်ဆိုတဲ့ စကားလုံးလေး၂လုံးနဲ့တင် လိမ်ညာခဲ့သမျှမျက်လုံးမှိတ်ယုံချစ်တဲ့ကောင်လေးနဲ့ အမုန်းကိုသာရှေ့တန်းတင်ခဲ့တဲ့ကောင်လေး၂ယောက်ရဲ့ဇာတ်လမ်းလေးက................... သူ့နှုတ်ခမ်းထပ်က.. ............. ချစ်တယ်ဆိုတဲ့ စကားလုံးလေး၂လုံ...