part 20(z+u)

25.4K 1.4K 4
                                    


ရှင်းလင်းပွဲအပြီး ဂုဏ့်ရုံးခန်းတွင်

''မင်းဒါ ဘာစောက်ချိုးလဲ မင်းမာန "

မိုးသောက် ခုံတွင် ထိုင်နေသည့် မင်းမာနအား ရပ်နေရာမှ လှည့်မေးလိုက်သည် ။ မင်းမာနကတော့ ခပ်အေးအေးပင် ။စုံလာ်ခုံမွာ ထိုင်နေသည့် ဂုဏ့်မျက်နှာကိုသာ ငေးကြည့်နေသည် ။ ဂုဏ်ကတော့ ရှေ့က စားပြဲခုံကို ပေါက်ထွက်မတတ်ကြည့်ကာ ငိုချင်စိတ်မ်ားအား တင်းထားသည် ။

''ပြောလေကွာ မင်းနားပင်းနေလား "

မိုးသောက် ဒေါသတကြီး မေးလိုက်ပေမဲ့ မင်းမာနက မဲ့ပြုံးဖြင့်ပြုံးကာ မိုးသောက် အား ပြန်ကြည့်ပြီး

''ဒီကိစ္စ မင်းနဲ့မဆိုင်ဘူး "

''ဘာကြ!!! "

''မဆိုင်ရင် မဆိုင်သလိုနေ ငါတို့ကြားမဝင်နဲ့ ဆိုင်တဲ့လူတောင် ဘာမွမပြောတာ မင်းက ဘာဝင်ပြီး နာနေတာလဲ "

''အေး အဲ့ကောင်က မင်းကိုချစ်လို့ နွားဖြစ်ခံပြီး ငြိမ်နေတာ ငါကတော့မရဘူးကွ မင်း အရှက်မရှိတဲ့လုပ်ရပ်ကို ပြောရမှာပဲ "

''ဘာလို့လဲ "

မိုးသောက် ဒေါသကြီးစွာ ပြောနေပေမဲ့ မင်းမာနက မျက်ခုံးတစ်ဖက်ပင့်ကာ မိုးသောက်အား စိုက်ကြည့်၍မေးလေသည်။

''အဟက် ချစ်လို့ ငါသူ့ကိုသိပ်ချစ်လို့ ငါချစ်တဲ့သူ ခံစားနေရတာကို မကြည့် ။

''တော်ကြပါတော့!!! "

မိုးသောက် စကားမဆုံးခင်မွာ ဂုဏ် ထိုင်နေရာကနေ ထပြီး အော်လိုက်သည် ။ မျက်ရည်မ်ားက်လုနီးနီး ။

''မင်းတို့က ငါ့ကိုရှိတယ်လို့ကို မထင်ကြဘူးလား ငါ့ကို အားနာကြပါအုံး"

မိုးသောက် ငြိမ်သွားသည် ။ မင်းမာနကတော့ ခပ်တည်တည်ပင် ထိုင်နေရာမှ ထကာ

''babe ကိုယ်ပြန်တော့မယ် လရိပ်ကို ပြန်ပို့ပေးရအုံးမယ် ကိုယ်အိမ်ပြန်နဲနဲနောက်ကျမယ်နော်"

ပြောရင်း ဂုဏ့်နားလျှောက်ကာ ပါးကိုတစ်ချက်နမ်းပြီး မိုးသောက်ကိုကြည့်ကာပြုံးပြီး ထွက်သွားသည် ။ ဂုဏ်ကတော့ ဟန်ဆောင်ပြုံးကာ ခေါင်းငြိမ့်ပြသည် ။

သူ့နှုတ်​ခမ်းထက်က (သူ့နှုတ်ခမ်းထက်က)Where stories live. Discover now