မြတ်နိုးရသောငယ်..
ယောက်ျားလေးတစ်ယောက်ကို
ပန်းတစ်ပွင့်နဲ့ ဥပမာအလင်္ကာမဖွဲ့လိုပေမယ့်
ငယ်ဟာ ပန်းတစ်ပွင့်လိုနူးညံ့စွာပွင့်ဖူးတယ်..ဆန္ဒတွေရှိတယ်ငယ်
ငယ်ဆိုတဲ့ ပွင့်ဖတ်လေး
အလှပဆုံးပွင့်ဖူးလာစေချင်တဲ့ဆန္ဒ
ဘဝတစ်လျှောက်လုံးအေးချမ်းစေချင်တဲ့မေတ္တာ
မြတ်နိုးရတယ်ငယ်..
ထိမိခိုက်မိရင်တောင်ကြွေကျမှာစိုးတဲ့စိတ်နဲ့
အရိပ်တကြည့်ကြည့်ချစ်မဝနိုင်အဝေးကြီးကဆိုပေမယ့်
ချစ်ခြင်းမေတ္တာတွေနေ့ညမပြတ်ပို့သလျက်ပါငယ်..
တစ်နေ့နေ့တော့ ကလေးဆီရောက်ပါစေ။#LeoY
YOU ARE READING
P R E C I O U S
Non-Fictionသူဟာ ကိုယ့်ကောင်းကင်က တစ်စင်းသောလမင်းငယ် ၊ ကိုယ့်ချစ်ခြင်းမေတ္တာတရားတွေရဲ့လားရာ တစ်ခုတည်းသောအရပ်မျက်နှာ