ချစ်လိုက်တာလို့ အသံကုန်အော်ဟစ်လည်း
ကလေးမှမကြားနိုင်ဘဲ
သိမ်ငယ်စိတ်ဆိုတာ အဲ့ကစတယ်Sawadikhap နဲ့အစပြုပြီး
လက်အုပ်လေးချီ ပြုံးချိုချိုပြောနေတဲ့စကားသံတွေဟာ
Screen မှတဆင့်ဆိုတာမေ့ထားလို့ရမလား
ကိုယ့်အနီးအနားက မျက်နှာချင်းဆိုင်ဆိုနေသလို
စိတ်ကိုလှည့်စားသတ်မှတ်ပစ်ချင်မိတယ်
ဝေးကွာခြင်းမိုင်တိုင်တွေငါမုန်းလိုက်တာတစ်နေ့တာရဲ့သုံးပုံနှစ်ပုံမှာ
စိတ်အစဉ်ဟာ
နေထိုင်ရာအရပ်ဒေသကိုကျော်လွန်ပြီး
ရေမြားမြေခြားဆီဆိုက်ရောက်တယ်Social network !!
တစ်ခုတည်းသော ဝေးကွာမှုကြားက
နီးစပ်ခြင်းပေါင်းကူးတံတားတစ်စင်း
ငါပျော်ပါတယ်.. အနည်းဆုံးတော့
လှုပ်ရှားမှုပုံရိပ်တွေ ဖမ်းဆုပ်ခွင့်ရှိသေးတယ်နားမလည်တဲ့ဘာသာစကားတွေ နားထောင်ရင်း
အားမလိုအားမရစွာ ကျလာတဲ့မျက်ရည်စက်တွေ ဘယ်သူသိမလဲ
ပြောချင်တဲ့စကားတွေရင်နဲ့အမျှပြည့်လျှံနေလည်း
နင်နားလည်အောင် ဘယ်ဘာသာစကားကိုအသုံးပြုရမလဲ
အချိန်နှင့်တစ်ပြေးညီလွှင့်နေတဲ့ live မှာ
နင့်မျက်နှာလေးငေးကောင်းတုန်း
နင့်အသံလေးနားစွင့်တုန်း
Google ခေါက်ဖို့ရာ ငါ့မယ်အချိန်မရှိ
အဲ့ဒါဟာ ခြားနားခြင်းပဲ ကလေးရဲ့
ကြွေကွဲစွာငါလက်ခံခဲ့ရတယ်နင့်အတွက်မေတ္တာတရားတွေ
ငါ့ကိုယ်တွင်းအရှိန်အဟုန်မပြတ်စီးဆင်းနေပါလျက်
ကိုယ်တိုင်ကတော့ ဝေးသောအရပ်မှာဖြစ်တည်နေတာ
ဘယ်ဘ၀ရဲ့ကျိန်စာများလဲ ။
YOU ARE READING
P R E C I O U S
Non-Fictionသူဟာ ကိုယ့်ကောင်းကင်က တစ်စင်းသောလမင်းငယ် ၊ ကိုယ့်ချစ်ခြင်းမေတ္တာတရားတွေရဲ့လားရာ တစ်ခုတည်းသောအရပ်မျက်နှာ