၂၀၁၇ တုန်းက ကလးဟာ ပိုချစ်စရာကောင်းတယ်
ပီဘိကလေးငယ်တစ်ဦးလိုပဲ
ဖြစ်နိုင်ရင် အချိန်ကာလတွေငါရပ်တန့်ထားချင်မိတယ်
နင့်ပါးနှစ်ဖက်ကိုဖျစ်ညှစ်ဖို့
ချစ်စနိုးနဲ့ နင့်ဆံပင်တွေဖွပစ်ဖို့ ^^ကလေးတစ်ယောက်လို နေစေချင်ပါရဲ့ ငယ်လေးရယ်
အရွယ်ရောက်လာတဲ့ကောင်လေးဖြစ်လာတဲ့နောက်
ငါတို့ပိုဝေးသွားကြမှာ ~~သိပ်ချောသိပ်ခန့်ဖို့ရာမလိုဘူးကလေးရဲ့
ငါ့အတွက်တော့ ဟန်ဆောင်မှုမရှိ
စကားများပြီး နှုတ်ခမ်းတစ်ထော်ထော်
အမူအယာပိုပိုနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့
ကလေးလေးပဲ လိုအပ်ပါတယ် ~~~ရပ်တန့်မနေတဲ့ မနက်ဖြန်များစွာမှာ
ငါ့ကလေးငယ် တဖြည်းဖြည်းအရွယ်ရောက်လာတော့မယ်
လွတ်လပ်ပေါ့ပါးမှုတွေ ဆုတ်လျော့လာတာနဲ့အမျှ
လောကရဲ့သင်ယူစရာတွေ လေ့လာသင်ယူရင်း
တက်မြောက်လာမယ့်အရာများစွာထဲ
ကလေးတစ်ယောက်လို ပကတိအပြစ်ကင်းပြီး
နှစ်လိုဖွယ်အပြုံးတွေ ဟက်ဟက်ပက်ပက်မရှိတော့မှာ
ငါတကယ်စိုးရွံ့မိပါရဲ့ ~~~ငါ့ရဲ့တစ်ဦးတည်းသော အဖိုးထိုက်အဖိုးတန်လေးရေ
မနှစ်ကဒီလို September လထဲ VOOV မှာဆော့ကစားနေတဲ့ ကလေးငယ်လေးဟာ သိပ်ချစ်ဖို့ကောင်းလွန်းတယ် . . .
YOU ARE READING
P R E C I O U S
No Ficciónသူဟာ ကိုယ့်ကောင်းကင်က တစ်စင်းသောလမင်းငယ် ၊ ကိုယ့်ချစ်ခြင်းမေတ္တာတရားတွေရဲ့လားရာ တစ်ခုတည်းသောအရပ်မျက်နှာ