2000 ခုနှစ်ရဲ့ March လ 30 ရက်နေ့
-----------------------------------------မြန်မာပြည်က ကလေးမတစ်ယောက်ရဲ့
သုံးနှစ်ကျော် လေးနှစ်အရွယ်မှာ တစ်နေ့သူ့အသက် ၂၂နှစ်နောက်ပိုင်း
သူသိပ်ကိုချစ်မ၀ဖြစ်ရမယ့် ကောင်ငယ်လေးတစ်ယောက်ကို
အိမ်နီးချင်းနိုင်ငံမှာ မွေးဖွားခဲ့တယ်..😻 Marksiwat Jumlongkul 😻
၂၂နှစ်ဆိုတဲ့ ကလေးမပါဝင်ခဲ့တဲ့ ကုန်လွန်ပြီးသော
ကိုယ့်အသက်အပိုင်းအခြားအချိန်တွေကို နှမြောတယ်
တစ်နှစ်တစ်လလောက်စောသိခဲ့ဖို့ကောင်းရဲ့ မဟုတ်လား
ချစ်ခွင့်တွေ အချိန်ကာလ ရသလောက်ဆွဲဆန့်ပစ်ချင်တာ'ငယ်ရုပ်လေးမပြောင်းလာဘူးပဲ ကလေးကငယ်ငယ်တည်းကချစ်ဖို့ကောင်းတာ'
ကောင်လေးတစ်ယောက်ရဲ့ ငယ်ငယ်ကပုံလေးတွေကြည့်ပြီး
မြန်မာပြည်ကကောင်မလေး ခပ်တိုးတိုးရေရွတ်တယ်
' မွေးဖွားပေးလို့ကျေးဇူးတင်ပါတယ်အန်တီ '
နိုင်ငံမတူတဲ့အရပ်ဒေသက ကောင်လေးတစ်ယောက်ရဲ့
ဖြစ်တည်မှုအတွက် သူ့မိခင်ကိုကျေးဇူးတင်နေတဲ့ ကလေးမဟာ
ကိုယ့်ဖြစ်တည်လာမှုအတွက် မွေးသမိခင်ကို ကျေးဇူးစကားဆိုဖို့တော့ မေ့လျော့နေခဲ့တယ်ကိုယ်တိုင်ရိုက်မယူနိုင်တဲ့ ဓာတ်ပုံလေးတွေ ရှာရှာဖွေဖွေသိမ်းရင်း
fansite masternim တွေကို ကျေးဇူးအခါခါတင်ရင်း
မိုးလင်းမိုးချုပ် ကလေးတစ်ယောက်နဲ့ အလုပ်ရှုပ်နေခဲ့ပြီအတွန့်အတက်တွေနဲ့ နားမလည်တဲ့ဘာသာစကားကို
Transalation အားကိုးနဲ့ အားကြိုးမာန်တက်ဘာသာပြန်
အသံကစူးတယ် မကြိုက်ပါဘူး ဒီလိုမျိုးမနှစ်သက်ခဲ့တဲ့ ဘာသာစကားတစ်ခုကို
ပထမဆုံးသင်ယူချင်စိတ်ဖြစ်လာတာ ခြားထားတဲ့စည်းတွေ
တစ်လွှာလောက်ဖြစ်ဖြစ် ပြေလျော့စေချင်လို့ပေါ့ငယ်လေးရယ်နိုင်ငံမတူဘူး ဘာသာစကားတွေမတူညီဘူး
မတူညီမှုတွေထဲက လက်အုပ်ချီတတ်တဲ့ ချစ်စရာတူညီမှုလေးကို ချစ်တယ်မြန်မာပြည်မှသည် ထိုင်းနိုင်ငံဘန်ကောက်ဆီသို့တဲ့
တံဆိပ်ခေါင်းတပ်ထားပေမယ့်လို့ မရောက်သောစာတွေ
ဒီနေရာမှာသိမ်းမယ်...အနည်းဆုံးတော့ အမှတ်တရတစ်ခုအဖြစ် ထင်ကျန်စေလောက်တယ်မဟုတ်လား .....
#LeoY
YOU ARE READING
P R E C I O U S
Non-Fictionသူဟာ ကိုယ့်ကောင်းကင်က တစ်စင်းသောလမင်းငယ် ၊ ကိုယ့်ချစ်ခြင်းမေတ္တာတရားတွေရဲ့လားရာ တစ်ခုတည်းသောအရပ်မျက်နှာ