part-9

11.1K 710 75
                                    

"​မေ​မေ~"

"ဟွန်းငယ်​!!"

လျှော်​ပြီးသားအင်္ကျီ​တွေ​ခေါက်​​နေတဲ့​မေ​မေ
ကဆယ်​ဟွန်းကိုလည်းမြင်​​ရော ချက်​ချင်းထလာကာဖက်​ပြီးငိုရှာသည်​...

"သား​ရယ်​~ လွမ်းလိုက်​ရတာ"

"ကျ​တော်​​ရောပါ​မေ​မေ~"

မေ​မေကိုဖက်​ထားရာအသာခွာလိုက်​ပြီး
မျက်​နှာထက်​ကမျက်​ရည်​စ​တွေကိုပွတ်
သုတ်​​ပေးလိုက်​ရင်း....

"​နေ​ကောင်းရဲ့လား??"

"ဒါ​ပေါ့သားရဲ့ အဟင့်​.."

၃လတိတိပြန်​မလာဘူးလို့​ပြောသွားတဲ့
ကျ​တော်​ရုတ်​တရက်​​ရောက်​ချလာ​တော့
မေ​မေအံသြဝမ်းသာသွားပုံရပါတယ်​...

"မငိုပါနဲ့​မေ​မေရဲ့ အငယ်​​လေး​တွေ​ရော"

"အခန်းထဲမှာ ​ဆော့​နေကြ​လေရဲ့"

ဆယ်​ဟွန်း အခန်းထဲ​ပြေးဝင်​ကာ

"က​လေးတို့ ကိုကိုပြန်​လာတယ်​!"

ကစားစရာ​တွေနဲ့​ဆော့​နေတဲ့ လမ်း​​လျှောက်​တက်​ခါစက​လေးနှစ်​​ယောက်​သည်​ ​တောက်
တက်​​တောက်​တက်​​ပြေးလာကာ ဆယ်​ဟွန်း
ပေါ်ခုန်​တက်​ကြတယ်​....

"အာ ​ဖြေး​ဖြေးပါ.က​လေးတို့ရယ်​ ဟား.."

ဖ​အေကွဲ​ပေမဲ့ ဒီအမွှာက​လေးနှစ်​​ယောက်​ကို
တော့ ဆယ်​ဟွန်းအရမ်းချစ်​ပါသည်​....

အမွှာတို့နဲ့အားရ​အောင်​​ဆော့​ပေးပြီးမှ
မိမိအခန်း​လေးဆီပြန်​လာမိတယ်​...

ကြမ်းပြင်​​ပေါ်က​မွေ့ယာပါးပါး​ပေါ်ခဏ
လှဲရင်း ​အိစက်​​နေတဲ့​မွေ့ယာအထူကို​​တော့
သွားသတိရမိ​သေးတယ်​....

"​ကျေးဇူးတင်​ပါတယ်​ အကို~"

တပတ်​ပြန်​ဖို့လာ​ပြောတုန်းက ဆယ်​ဟွန်း
အရမ်းလည်းဝမ်းသာသလို မသွားခင်
အကို့ကိုလည်း​တွေ့ချင်​မိ​သေးသည်​....

အကို​ကြောင့်​ စဉ်းစားလိုက်​တာနဲ့
အခုန်​မြန်​လာတဲ့ရင်​ဘတ်​ကို အသာကိုင်
ထားမိ......

 ♥ WItHOuT YOu ♥ [Completed]Where stories live. Discover now