part-21

11.7K 617 41
                                    

"အကိုနဲ့အတူရှိ​နေတာ ခုထိအိပ်​မက်
လို့ပဲထင်​​နေတုန်းသိလား??"

"ဟင်​?? တကယ်​လက်​​တွေ့ပါကွာ"

"အဟီး"

ပန်းခြံထဲကထိုင်​ခုံ​ပေါ် ထိုင်​​နေတဲ့
အကို့ရင်​ခွင်​ထဲတိုးဝင်​လိုက်​မိသည်

လွမ်းခဲ့ရတဲ့ကိုယ်​သင်းရနံ့​လေး..

"​​ကောင်​​လေးကို​ပြောစရာရှိတယ်​"

"ဟုတ်​ ​ပြော​လေ"

"အခုအကိုက အ​ဖေဆီက​နေ
အပြီးထွက်​လာခဲ့တာ"

ဆယ်​ဟွန်းအံသြကာမျက်​လုံး
လေးပြူးသွားသည်

"အကိုရယ်​~"

ဆယ်​ဟွန်းရင်​ထဲလှိုက်​တက်​လာကာ
အကို့ကိုတင်းကြပ်​စွာဖက်​လိုက်​မိသည်

ကျ​တော်​က အကို့စည်းစိမ်​​တွေ
စွန့်​လွှတ်​ရတဲ့အထိ တန်​လို့လားဗျာ!!

"​ကောင်​​လေးငို​နေတာလား??"

"စိတ်​မ​ကောင်းလို့ပါ ကျ​တော်​​ကြောင့်
အကိုနဲ့ဦး​လေး အဟင့်​"

"မဟုတ်​တာ ​ကောင်​​လေး​ကြောင့်
မဟုတ်​ပါဘူး.."

ဆယ်​ဟွန်းဖက်​ထားတာကွာလိုက်​ပြီး

"အစ်​မဂျင်​ဟီးက​ရောဟင်​??"

"အကိုတို့ကွာရှင်းလိုက်​ကြပြီ"

"က က​လေးက??"

"သူ့ချစ်​သူနဲ့ရတာ​လေ ဟိုကတာဝန်
မယူ​တော့အကို​ပေါ်ပုံချတာ"

"အစ်​မဂျင်​ဟီးအ​တော်​ဆိုးတာပဲ
အာ့ဒါကိုအကို့အ​ဖေက အကိုနဲ့ရခဲ့တာ
လို့ကျ​တော်​ကို​ပြောတယ်​သိလား??"

"အကိုတို့ကို စိတ်​ဝမ်းကွဲ​အောင်​​လေ"

"ကျ​တော်​က အာ့တာကိုတကယ်​​တွေ
ထင်​​နေခဲ့တာ"

"​ကောင်​​လေးကွာ အကို့​ပြောထားတာကို
အကို့ကိုပဲယုံ​ပေးပါလို့​လေ"

"သိပါတယ်​အကို့ရဲ့ အာ့​ကြောင့်
ကျ​တော်​အဆုံးထိ​စောင့်​​နေမယ်​လို့​ပြောခဲ့တယ်​မလား???"

ချန်း​ယောလ်​ပြုံးရင်း သူ့နှုတ်​ခမ်း​လေးကို
ခပ်​ဖွဖွနမ်းလိုက်​မိသည်

 ♥ WItHOuT YOu ♥ [Completed]Where stories live. Discover now