part-22

10.3K 559 111
                                    

"​မေ​မေ~"

"သား! ​နေမ​ကောင်းဘူးလား
မျက်​နှာကလည်းဖြူ ​ဖျော့​နေတယ်​"

မေ​မေအ​မေး​ကြောင့်​ ဆယ်​ဟွန်းမျက်​နှာ​တွေရဲတက်​သွားတယ်

ညကကိစ္စ အခုထိနာ​နေတုန်းပဲ အိပ်​ယာနိုးတုန်းကဆို လမ်း​တောင်​သိပ်​မ​လျှောက်​နိုင်​ဘူး..

ရေ​ဆေးလိုက်​မှ အ​တော်​သက်​သာသွားတာ

"မ မဟုတ်​ပါဘူး ညကစဉ်းစားစရာ​တွေ
နဲ့ဆို​တော့ အိပ်​မ​ပျော်​လို့ပါ"

မေ​မေပြုံးရင်း မနက်​စာပြင်​​နေ​လေသည်​..

အကို​ကျေးဇူး​ကြောင့်​ ​မေ​မေ​ရောဂါက
အ​တော်​သက်​သာ​နေတယ်​..

"သား​ရော ကူ​ပေးမယ်​​မေ​မေ~"

မေ​မေက​ခေါင်းငြိမ့်​ပြ​လေသည်​..
ကူလုပ်​​ပေးရင်း ​မေ​မေမျက်​နှာကို
ကြည့်​လိုက်​မိတယ်​...

"သားကို ​မဆူဘူးလားဟင်​??"

"ဘာကိုဆူရမှာလဲသားရဲ့~"

"သားစိတ်​ကြိုက်​​တွေလုပ်​လာတာ ​မေ​မေကို
မတိုင်​ပင်​ပဲ~"

"သားရယ်​~ ဆူစရာလား?? သားစိတ်​တိုင်းကျလုပ်​​မေ​မေအားလုံးလက်​ခံတယ်​"

"​ကျေးဇူးတင်​ပါတယ်​ ​မေ​မေရယ်​~"

"ကဲ ပြီး​တော့မှာပဲ သားအကို့ကိုသွားနိုးလိုက်​​တော့ သွား! တရားရုံးလည်းသွားရအုံးမယ်​မလား ​နောက်​ကျ​နေမယ်​"

"ဟုတ်​~"

ဆယ်​ဟွန်း အခန်းထဲဝင်​လာ​တော့ အကိုကအိပ်​​ပျော်​​​နေတုန်းပဲ..

"အကို~"

ဆယ်​ဟွန်းလှုပ်​နိုးလိုက်​​တော့ အိပ်​ချင်​မူးတူး​လေးနဲ့ထထိုင်​လာတယ်​..

အကိုက​လေ ဘယ်​လို​နေ​နေ​ချော​နေတာပဲ..

"ထ မနက်​စာစားရ​အောင်​ ​မေ​မေပြင်
ပေးထားတယ်​~"

"အင်း မျက်​နှာသစ်​လိုက်​အုံးမယ်​"

"အာ့ဆို ထွက်​ခဲ့​နော်​ အပြင်​မှာ
စောင့်​​နေမယ်​"

 ♥ WItHOuT YOu ♥ [Completed]Where stories live. Discover now