part-19

9.6K 659 68
                                    

အကို~

လူကြီးမင်း​ခေါ်ဆို​သော ဖုန်းနံပတ်​မှာ~~

ကောင်​မ​လေးအသံမဆုံး​သေးဘူး
ဆယ်​ဟွန်းအနီ​ရောင်​​လေးကိုနှိပ်​ချပစ်​လိုက်​မိ

"အဟင့်​~"

ကျပြန်​ပြီ ....

ကုန်​မကုန်​နိုင်​ဘူး ​သောက်​မျက်​ရည်​​တွေ

"ဘာ​တွေဖြစ်​​နေပြီလဲအကိုရယ်​~~"

ကျ​တော်​စိတ်​ပူလှပြီ ဖုန်း​ခေါ်တာလဲ
အ​ခေါက်​​ပေါင်းမနည်း​တော့ဘူး...

အကိုထွက်​သွားတဲ့ထိုရက်​က​နေ
ယ​နေ့အခုချိန်​ ၃ရက်​​မြောက်​​သည်​ထိ
ခေါ်ဆို​နေတုန်းပါပဲ....

ဒါမဲ့ စက်​ပိတ်​ထားသည်​ပဲ...

ငိုတာအကိုမကြိုက်​မှန်းသိလို့ အမြန်​မျက်​ရည်
သုတ်​ပစ်​ကာ ​တရက်​မပျက်​ အကိုတွက်
ကိုယ်​တိုင်​ချက်​ထားတဲ့ထမင်းဟင်း​တွေကိုပါးစပ်
မစားချင်​​ပေမဲ့လည်းထိုးသွပ်​​နေမိသည်​.....

"ဟုတ်​တယ်​ အကို့ပြန်​လာမှာ
ယုံကြည်​ပြီး​စောင့်​​နေ အိုဆယ်​ဟွန်း~"

ဒီ​နေ့ပြန်​မလာလည်း မနက်​ဖြန်​​ပေါ့

မနက်​ဖြန်​ပြန်​မလာရင်​​ရော??

ဘာဖြစ်​လဲ သဘက်​ခါထပ်​​စောင့်​မှာ​ပေါ့

"အဟင့်​ အကို~"

ဘာလို့များတစ်​ချက်​မဆက်​သွယ်​ရတာလဲ

တကယ်​ပဲ အစ်​မဂျင်​ဟီးကိုယ်​ဝန်​က
အကိုနဲ့မို့ အကို့အ​ဖေက ကွာရှင်းခွင့်​မပြုတာလား????

မဟုတ်​မှလွဲ ကွာရှင်းဖို့လုပ်​​နေသလား??

ဒါမှမဟုတ်​ အကိုကုမ္ပဏီအလုပ်​​တွေနဲ့
ရှုပ်​​နေလို့ပြန်​မလာတာလား??

အကိုတင်​မဟုတ်​ အကိုမန်​​နေဂျာကိုပါ
ဆက်​သွယ်​လို့မရ...

အ​တွေး​ပေါင်းစုံက ဆယ်​ဟွန်းအ​တွေးထဲ
အချိန်​ခဏမလှပ်​​နေရာယူ​နေသည်​...

မကုန်​​သေးတဲ့ထမင်းဟင်း​တွေ​သေချာ
သွန်​ပြီးမှ ပန်းကန်​​တွေ​ဆေး​နေလိုက်​သည်

 ♥ WItHOuT YOu ♥ [Completed]Where stories live. Discover now