part-5

11.6K 608 68
                                    

"သူ​ဌေးက​တော်​ ဒီမနက်​ပဲ အိမ်​ကို
ပြန်​​ရောက်​​နေပါပြီသူ​ဌေး"

"ဘာ! အ​ကြောင်းမကြားပဲ.."

"ဟုတ်​ကဲ့.."

"ငါ့အခုချက်​ချင်းအိမ်​ပြန်​မယ်
ကားအဆင်​သင့်​လုပ်​ထားလိုက်​"

"ဟုတ်​ကဲ့သူ​ဌေး"

ချန်း​ယောလ်​ အင်္ကျီထပ်​ဝတ်​ကာ ဖိုင်​တွဲ
တွေ​သေချာထပ်​ခဲ့ပြီး အိမ်​ပြန်​လာခဲ့သည်​..

သူမကိုလွမ်း​နေပြီ​လေ....

အရမ်းအ​ရေးကြီးတဲ့ ပ​ရောဂျက်​တစ်​ခု​ကြောင့်
အလုပ်​ထဲ​ခေါင်းစိုက်​​နေတာ ၂ပတ်​ပြည့်​​တော့မည်​.....

အလုပ်​ကလည်းပြီး.သူမလည်းပြန်​လာဆို​တော့ အ​တော်​ဖြစ်​သွားတယ်​...

"ဂျင်ဟီး~"

ဖုန်းထဲကတစ်​စုံတစ်​ခုကို စိတ်​မရှည်​​နေတဲ့သူမက မျက်​​မှောင်​ကျူံရင်း ​မော့ကြည့်​လာတယ်​...

"ပြန်​လာမယ်​ဆိုတာလဲ ကိုယ့်​ကိုအ​ကြောင်း
မကြားဘူးကွာ"

"​နေစမ်းပါအုံး ငါကြိုက်​တဲ့အချိန်​ပြန်​လာတာကိုနင့်​ကို သံ​တော်​ဦးတင်​ရအုံးမှာလား??"

"မဟုတ်​ပါဘူး ကိုယ့်​ကလာကြိုမလို့ပါ"

"အာ့လို ​စောင်​ပို​တွေလုပ်​မှာသိလို့ကို
အ​ကြောင်းမကြားရှင်းတယ်​​နော်​"

ချန်း​ယောလ်​ဆိုလျှင်​ စကားအ​ကောင်း
လုံးဝမ​ပြောတဲ့သူမကို စိတ်​မဆိုးမိပါ..

"ဘာစားပြီးပြီလဲ ကိုယ့်​ဘာလုပ်​​ပေးရမလဲ??"

"​တော်​စမ်းပါ ငါအခုပြန်​လာတာ ပိုက်​ဆံ
ယူမလို့ "

"ဒီခရီးမသွားခင်​ကမှ ကိုယ်​အ​တော်​များ
လွှဲ​ပေးထားတယ်​​လေ ဘာ​တွေသုံး​နေလဲ"

"နင်​သိစရာမလိုပါဘူး ခုချက်​ချင်းထပ်​လွှဲ​ပေးပါ

ချန်း​ယောလ်​ သက်​ပြင်းချလိုက်​မိ ပိုက်​ဆံနှ​မြောလို့မဟုတ်​ဘူး ဘာ​တွေသုံးလို့ကုန်​တာလဲ
သိချင်​တာ......

"​နောက်​ပြီး ငါအခုလိုသုံးတဲ့ပိုက်​ဆံ​တွေကလည်းနင့်​အာသာ​ဖြေ​အောက်​တန်းစား​တွေကို
ထားတဲ့တိုက်​ခန်းတန်​ဖိုးရဲ့ ၃ပုံ၁ပုံ​တောင်​မရှိပါဘူး"

 ♥ WItHOuT YOu ♥ [Completed]Where stories live. Discover now