Intro

3.2K 167 57
                                    

                 လှပလွန်းတဲ့ ကောင်းကင်ပြင်ကြီးထက် ကြယ်ကလေး ပျောက်ဆုံးရင်း အနက်ရောင်ကော်ဇော်ပြင် ကြီးစိုးနေစဉ်သကာလ အေးစက်တိတ်ဆိတ်လှလွန်းတဲ့ လမိုက်ည အမှောင်ကြီးထဲ ကောင်မလေး တယောက် အသက်လုရင်း ပြေးလွှားနေခဲ့သည်။

" မလာနဲ့!!!! "

"မလာနဲ့!!! "

သူမအော်ဟစ်ကာ အကူအညီတောင်းနေပေမဲ့လည်း ကယ်သူမဲ့ကာ သူမဆက်ပြေးမြဲ ပြေးနေခဲ့သည်။

"မလာနဲ့!!!!!!?!!!!???????"

"ဒိုင်း!!!!!!!!!!!!!!"

" အားးးး!!!!!!!!!!!!! "

နာကျင်လွန်းလို့ လည်ချောင်းခြစ်ကာ အော်လိုက်သော သူမ အသံမှာ တိတ်ဆိတ်လွန်းသော ပတ်ဝန်းကျင်အား ခြောက်ခြားစရာကောင်းလောက်အောင် ဖန်းဆင်းပစ်နေသည်။ ပြေးလွှားထားလို့ မောပန်းနေတဲ့ သူမခန္ဓာကိုယ်ဟာလည်း သွေးထွက်လွန်နေတဲ့ အရှိန်ကြောင့် မထနိုင်ဖြစ်ကာ မြေပြင်ပေါ် တရွတ်တိုက်ဆွဲရင်း အဝေးဆုံး ထွက်ပြေးရန် အားခဲနေခဲ့သည်။

" နင် နင် ဘယ်သူလဲ နင် နင် ဘာလို့ !!! "

" ဒိုင်း!!!!!!! "
သူမကို အမဲ ဖြတ်နေတဲ့ သူစိမ်းက သူမစကားလေးတွေတောင် ဆုံးအောင် မစောင့် အသံတိတ် Slient သေနတ်ထုတ်ရင်း သူမ မျက်လုံးတည့်တည့်အား ပစ်ချလိုက်သည်။

"အားး!!!!!!! " ခိုကိုးရာ မဲ့နေရှာသော သူမ မှာ မျက်လုံးတဖက်ဆုံးရှုံးရင်း သွေးအလိန်းလိန်းထနေတုန်း နောက်ဆုံး သေနတ်သံက သူမအသတ်အား နှုတ်ယူသွားတော့သည်။

"  ဒိုင်း!!!!!!!!!!!! "

အရာအားလုံးတိတ်ဆိတ်သွားတော့ သေဆုံးသူကောင်မလေးအား ကြည့်ရင်း ပြုံးနေသူမှာ တခြားသူမဟုတ်  ထိုသူကတော့ နာမည်ကြီး ကြေးစားလူသတ်သမားပင်။

" အဲ့လောက်လည်း သတ်ရတာ မခက်ပါလား?? ဒါကို ဘာလို့များ လူတိုင်းကျဆုံးနေရတာလဲ!!! "
ထိုသူ့စကားသံမှာ လူတယောက် သတ်လိုက်တာတောင် အားနာ ဝမ်းနည်းနေပုံမပေါက်!!!

"ကဲ မင်းလည်း အနားယူပါတော့!!!"
အနိုင်ရသူကတော့ ထုံးစံအတိုင်း သေလူအလောင်းနား တစ်ရစ်ဝဲဝဲ အနိုင်အရသာခံနေပေါ့...ကောင်မလေးမှာတော့ ရုပ်ချင်းမလှ သွေးအလိန်းလိန်းထွက်ရင်း တိတ်ဆိတ်နေခဲ့သည်။

Immortal Where stories live. Discover now