Harbinger Of Death

936 102 23
                                    

Yuri's POV

Yoona- " U un ni e !!! Y Yuu ri Unnie!!! "

ရုတ်တရက် ကျွန်မနားထဲ Yoong ခေါ်သံသဲ့သဲ့လေး ကြားလိုက်ရတော့ ရင်ထဲ ပလောင်ဆူသွားသည်။သူမလည်း Triste Mietitoreရဲ့ ဒဏ်ကို ခံစားမိသည့်ပုံဖြင့် ဒူးလေးထောက်ရင်း ကျောင်းထဲမှ အားဆုတ်ယုတ်စွာ ထွက်လာသည်ကို မြင်လိုက်ရသည်။

" Yoong အား!!! ရှေ့တိုး  မ လာ နဲ့!! Tae, Yoong ကို ခေါ်ပြီး  သွား!! မြန်မြန် အား!!!! "

Taeyeon- " အေးပါ...ဘာတွေ ဖြစ်နေလဲ ငါ မသိပေမဲ့ Yoong ကို အတက်နိုင်ဆုံး ကာကွယ်ပေးပါ့မယ်!!! လာ Yoong!!! "
Taeက Yoong လေးဆီ ပြေးပြီး လှမ်းထူကာ ကားထဲ ဆွဲထည့်တော့ Yoong မျက်ဝန်းတွေထဲ မျက်ရည်တွေ စို့ရင်း ကြောက်ကန်ငြင်းကာ ကားထဲ ဝင်ရန် ရုန်းနေခဲ့သည်။

Yoona- " Unnnie  .... Unnieee!! Yoong ကို တယောက်တည်း မထားခဲ့ပါနဲ့!!! Unnie!!!  "

Taeyeon- " Yoong လာပါ!!! အဲ့လို မလုပ်ပါနဲ့!!! "

ထိုသို့ အငြင်းကောင်းနေတုန်း တိုက်အမြင့်မှ အတောင်ဖြန့်ကာ ရပ်နေသော
Triste Mietitore က ကျွန်မ တို့ဆီ တည့်မတ်စွာ ပျံသန်းလာတော့သည်။

" Tae သွားတော့!!!! "

Yoong- " Unnnieeee!!! "

" လာ ငါ့ဆီလာ!!! ငါ့ဆီ လာစမ်းပါ... Triste Mietitore!!!! "
ကျွန်မ Yoong ကို ကာကွယ်ဖို့အတွက် ထိုအကောင်ကို မြှားနေတုန်း ထိုအကောင်က Tiffany ကိုလည်း မြင်ရော ကျွန်မ ပေါ်မှ ပျံပြေးရင်း ချက်ချင်းဆိုသလို ကောင်းကင်ထက် ပျောက်ကွယ်သွားတော့သည်။

ထိုအရာနှင့်အတူ ကျွန်မ တခါမှ မတွေးမိဖူးသော စကားအား Fany ဆီမှ ရုတ်တရက် ကြားလိုက်ရတော့သည်။

Tiffany- " Mike???? "

" ဘာာာာ!!!! "

Triste Mietitore ဒါက ဘာသဘောလဲ
ကျွန်မတို့ကို မသတ်ပဲ ကျော်သွားခဲ့တာ ဘာသဘောများလဲ???
Tiffany ကရော ဘာလို့ ဒီအကောင်ကို Mike လို့ တပ်အပ်ပြောနေခဲ့တာလဲ!! ဘာတွေလဲ ဘာတွေလဲ??? ကျွန်မ အတွေးတွေ ရှုပ်ထွေးရင်း ချက်ချင်းဆိုသလို လဲကျကာ လောကနှင့်အဆက်အသွယ် ပြတ်သွားခဲ့တော့သည်။

.............................................................

Taeyeon- " Yul!!! Yul??? Yul!!! "

Immortal Where stories live. Discover now