Triste Mietitore

882 99 17
                                    

Yuri's POV

ကျွန်မ Soo ဆီက ပြန်လာတော့ ခေါင်းထဲ အတွေးတွေက ပိုပို ရှုပ်လာခဲ့သည်။Jung မိသားစုက ပျောက်ဆုံးစာရင်း ပါနေတယ်ဆိုတော့ ဒီက Jessica Jung က Korea မှာ ဘာလာလုပ်နေတာလဲ??? Soo စကားထောက်ရင် ရဲတွေက Jessica နဲ့ Krystal အား English နာမည်ဖြင့် အသက်ရှင်နေတာကို သိပုံမထောက်... ပျောက်ဆုံးနေသော Jung SeoYeon နဲ့ Jung Soojung အဖြစ်သာ သိခဲ့ကြသည်။တကယ်တော့ ဒီ ညီအမကမသေ မပျောက်ဆုံးပဲ ကောင်းကောင်းကြီး အသက်ရှင်နေခဲ့ပြီး Seoyeon နဲ့ Soojung နာမည်ကို ဖျောက်ကာ Jessica နှင့် Krystal ဖြစ်လာသည်ကို ရဲတွေ ရိပ်မိသည်ပုံမပေါ်ဖြစ်နေသည်။ဒါမှမဟုတ် ထိုညီအမမှာ သေဆုံးခဲ့တာကြာပြီး ယခု လက်ရှိ Jessica မှာ Clone ဖြစ်နိုင်နေသည်။ဒါဆို Krystal ကရော????

Grrrrr ရှုပ်လိုက်တာနော်!!!!တော်သေးတာပေါ့ Sul ဆီက အချက်အလက်က ပေးရတာနဲ့ တန်အောင် ခိုင်လုံတိကျမှုရှိလို့ မဟုတ်ရင် ကျွန်မလည်း ထိုညီအမရဲ့ လှည့်ကွက်တွေကြား လမ်းပျောက်နေနိုင်သည်။

" Ring!!! Ring!!!! "

" Hello!! "

Taeyeon- " Yahh Kwon Yul... ကလေးပြန်ရောက်ပြီလား??? "

ဒီဂျပုလေးကတစ်မျိုး Yoona ကို ကလေးကလေးနှင့် ဟိုက သူ့အသက်ထက်ပင် အဆ ၅၀လောက်ကြီးသည်။

" မရောက်သေးဘူး!!! ငါညက အတိုက်ခိုက်ခံရလို့ မေ့သွားတာ Tae ရ...အဲ့ဒါ ခုမှ နိုးပြီး အိမ်ပြန်ရောက်တယ်..."

Taeyeon- " ဘာာာ??? ဘယ်သူလုပ်တာလဲ??? မင်းကို သတ်တဲ့ သူရော မင်းပြန်သတ်ခဲ့လား??? "

" Tae ငါ့ဘဝမှာ ငါ့မျက်နှာ မြင်တဲ့ Assassin တိုင်း အသေဖျောက်ခဲ့တာကြီးပဲ!!! စိတ်မပူနဲ့ ငါလုပ်သင့်တာ လုပ်ခဲ့တယ်... "

Taeyeon- " တော်သေးတာပေါ့...ဒါဆို Yoong ကို သွားချော့လိုက်အုံး..."

" အင်းပါ..ငါလုပ်လိုက်ပါ့မယ်..."

Taeyeon- " ပါးစပ်က မပြောပဲ သွားဖို့ပြင်...ကလေးနဲ့ပြိုင်ပြီး စိတ်ကောက်နေတယ်..."

" Grr...သိပါတယ်ဆိုနေ..."

Taeyeon- " သိရင်လဲပြီးရော...ကျားကျား ရားရား ခန္ဓာကြီးမှ အားမနာ လာနွဲ့မနေနဲ့...ကလေးကို ချော့စရာရှိတာချော့!!!"

Immortal Where stories live. Discover now