Time Fruit

1K 82 33
                                    

Yuri's POV

အတိတ်!!

အတိတ်ဆိုတာ နှောင်ကြိုး မျှင်လေးတွေနဲ့ ချည်နှောင်ထားတဲ့ ပုံရိပ်ရောင် လေးတစ်ခုတဲ့ သူများတွေ ပြောကြတယ် ကျွန်မ အတွက်ကတော့ အတိတ်ဆိုတာကတော့ မကြာခင်ပျောက်ဆုံးတော့မဲ့ ဇာတ်လမ်းတစ်ခုလိုပါပဲ...

ဘာလို့ ဒီလိုပြောလဲဆိုတော့ ကျွန်မ အသက်တစ်ခါပြန်ရှင်အောင် ကြိုးစားရတိုင်း မှတ်ညဏ်တချို့တွေ ပျက်စီးခံရတယ်... ခဏခဏ အသတ်ခံနေရတဲ့ ကျွန်မ အတွက်တော့ တချို့မှတ်ညဏ်တွေ ပျောက်ဆုံးကုန်တာ မဆန်းဘူးမလား...ခုလည်း ကျွန်မ ပျောက်ဆုံးတော့မဲ့ မှတ်ညဏ်လေးတွေကြား တဝဲလည်လည်ဖြစ်နေခဲ့တယ်...ဒါပေမဲ့ ကျွန်မ အတိတ်မှတ်ညဏ်လေးတွေထဲ သူနဲ့ ပြန်ပြန်တွေ့ရတာကိုပဲ ဝမ်းသာမိပါတယ်

စိုးရိမ်တာလေး တစ်ခုပဲ...အကယ်လို့များလေ Yoong တချိန်ချိန်မှာ ကျွန်မနဲ့ သူမ ပတ်သက်မှုက ဒီအတိုင်း ရိုးရိုး မဟုတ်ပဲ ပြောင်းလဲသွားခဲ့ရင် ဘယ်လိုများနေမလဲ ကျွန်မ သိချင်မိတယ်... တချိန်တည်းမှာလည်း သိရမှာ ကြောက်နေတယ် ...အကြောင်းရင်းကတော့ သူမုန်းမှာ ကြောက်လို့ပါ...

Yoona- " Unnie.... အရမ်းနာနေသေးလား??? "

ကျွန်မ နာကျင်နေတာကို မမြင်ရက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့ Yoong က ရှုံ့ မဲ့မဲ့လေးဖြစ်နေရှာသည်။ သူစိုးလည်း စိုးရိမ်စရာ ၂ လနီးပါးလောက် ကျွန်မ မေ့မြောနေပေမဲ့ နိုးမဲ့ နိုးလာပြန်တော့လည်း အရိုးတွေက ပြန်မဆက်သေးပေ။ခုတော့ ကျွန်မက ဒုက္ခသယ်လေးနဲ့ မခြားရှာပါဘူး...ဒါကို ကြည့်မရက်တဲ့ Yoong ကတော့ စိုးရိမ်စိတ်တွေနဲ့ပေါ့...

Yoongရယ် တခါတလေတော့လည်း ဘဝ
ကြီးက Yoong လေးအတွက် မတရားပါလားနော်...

Yoong- " Unnie ဘာလို့ သက်ပြင်းတွေ ချနေတာလဲ??? "

ပြောပြချင်ပေမဲ့ ပြောမထွက်တဲ့ ကျွန်မ အတွက် သူမအား ပြုံးပြရင်း ခေါင်းခါပြလိုက်ရုံမှ အပ ဘာမှ မတတ်နိုင်ခဲ့ပေ။

Yoong- " Unnie, Yoong ကို မပြောပေမဲ့ Yoong သိနေပါတယ်... Yoong တို့ဆီ အန္တရာယ်တွေ ဦးတည်လာနေပြီဆိုတာ..."

" အဲ့လို မဟုတ်ပါဘူး Yoong ရယ်..."

Yoong- " Yoong အရွယ်ရောက်နေပါပြီ... အန္တရယ် မျိုးစုံနီးပါးကလည်း လွတ်လာပြီးပါပြီနောက်ပြီး Yoong ကလည်း Unnie လိုပဲ Immortal တယောက်ပါ... ဘာလို့ Yoong ကိုဆို အစစ အရာရာ ကလေးလေး တယောက်လို လိုက်ကာကွယ်ပြီး Unnie ပဲ အနာခံနေရတာလဲ... Yoong အတွက် ဒီလိုတွေ လုပ်ပေးနေတာ ပိုခံစားရတယ်ဆိုတာ စဉ်းစားကြည့်ဘူးလား... "

You've reached the end of published parts.

⏰ Last updated: Jun 22, 2019 ⏰

Add this story to your Library to get notified about new parts!

Immortal Where stories live. Discover now