Life of Immortal!!!

1.7K 127 44
                                    

Yuri's POV

Ring!!!!!!!!           Ring!!!!!!!!!!!!!!

Ring!!!!!!!!!!!!      Ring!!!!!!!!!!!!!!!!!

Ring !!!!!!!!!! Ring!!!!!!!!!!!!!!!

"ဟာာ!!! Yoongဒီဖုန်းကို ပိတ်လိုက်ပါ"
တတီတီဖြင့် ဆူညံနေသော ဖုန်းသံကြောင့် ကျွန်မ အိမ်မက်လေးတောင် အပြီး မက်ခွင့်မရ ထိုသံကြောင့်ပင် ကျွန်မ လန့်နိုးလာခဲ့သည်။

"အား!!! ဘာလို့ တကိုယ်လုံး နာကျင်နေပါလိမ့်..." မယုံနိုင်တဲ့ ကျွန်မက ကိုယ့်ကို ကိုယ် ပြန်စမ်းရင်း အမောဖြေနေမိသည်။

" Yoong, Unnie ကို ရေယူ..." ကျွန်မ စကား လေးတွေ ပြောလို့ မဆုံးသေးမှာခင် Yoong က ရေခွက်ကလေးကိုင်ရင်း ကျွန်မနား ရောက်နှင့်နေပြီ ဖြစ်သည်။Yoong အကြောင်း ပြောရရင် ရှည်ရှည်ဝေးဝေးရယ်လို့ မရှိပါဘူး သူက ကျွန်မရဲ့ တဦးတည်းသော ကလေးလေးပါ။ကျွန်မ သိပ်ချစ်ရတဲ့သူဆိုလည်း မမှားပါဘူး...

Yoong- " Unnie ရော့ ဖြေးဖြေးသောက်!! "

" အွန်း... ကျေးဇူးပါ Yoong..."

Yoong- " Unnie နာနေသေးလား!!! "
သူမရဲ့ ထိုစကားက ရေသောက်နေသူ ကျွန်မ အား ရပ်တန့်သွားစေခဲ့သည်။

" Yoong ဘာကို ပြောချင်တာလဲ??? "

Yoong- " Unnie မေ့သွားပြန်ပြီ ထင်ပါတယ်... ထားတော့ ကျောင်းအကြောင်းပဲ ဆက်တွေးရအောင်!!!"

မေ့သွားပြန်ပြီ??? ကျွန်မက ဘာကို မေ့ရမှာလဲ??? မနေ့က ကလပ်သွားပြီး ပြန်တယ် ခုမိုးလင်းတော့ ခေါင်းတွေ ကိုက်နေတယ် ဘာထူးဆန်းလို့လဲ??? ဒီကလေးမက မဟုတ်တာတွေ ပြောနေပြန်ပြီ ထင်တယ်...

"ဒါနဲ့ Yoong... ဒီနေ့ Unnie ကျောင်းသွားဖြစ်မှာ မဟုတ်ဘူး..."

Yoong- " ဟမ်!!! ဘာလို့လဲ??? "

" Unnie ခန္ဓာကိုယ် တစ်ခုလုံး ထူးဆန်းနေလို့... တကိုယ်လုံး နာနေတာပဲ...အိမ်မက်ဆိုးတွေပဲ မက်နေလို့လား မသိ...အိမ်မက်ဆိုးလို့ ပြောရအောင်လည်း အရမ်းကြီးတော့ မဆိုးပါဘူး မက်နေကြပုံစံပါပဲ...ဘာလို့များပါလိမ့်!!"

Yoong- " Unnie တကယ်မမှတ်မိဘူးလား!!! "

တိတ်ဆိတ်သွားတဲ့ Yoong က ခေါင်းကလေး ငိုက်စိုက်သွားရင်း ကျွန်မ သောက်နေသော ရေခွက်ကလေး ကို ဖယ်ကာ ကျွန်မ လက်အား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

Immortal Where stories live. Discover now