❀ 1 ❀
2.1K 126 0
'မင်းဘာလို့ ငါ့ကိုယုံကြည်​မှုနည်းနည်း​လေး​တောင်
မထားရတာလဲ Yixing!သိပ်​တရားလွန်​တယ်
လို့မထင်​ဘူးလား.....ဟမ်​!!!'
အိမ်​ထဲဝင်​သည်​နှင့်​ ​သေ​သေသပ်​သပ်​ဝတ်​ထား​သော
အ​နောက်​တိုင်းဝတ်​စုံ အား​ဒေါသတကြီးဆွဲချွတ်​ကာ
ဘေးရှိ sofa​ပေါ်တင်​ရင်း ​အော်​​ပြော​လေသည်​။
'အဲအ​ကောင်​မင်းနားမှာ ရစ်​သီရစ်​သီလုပ်​​နေတာ
ကိုမင်းမသိဘူးလို့​တော့မ​ပြော​နဲ့ Jun...မင်းဘာလို့
သူတို့နဲ့ကင်း​အောင်​မ​နေရတာလဲ....!!'
Junထက်​မနိမ့်​​သော​လေသံဖြင့်​ Yixing ပြန်​​အော်
ပြော​တော့ Junက စိတ်​ပျက်​လက်​ပျက်​အကြည့်​ဖြင့်
လေပူတစ်​ချက်​မှုတ်​ထုတ်​ကာ sofa​ပေါ်ထိုင်​ချလိုက်​သည်​။ သ​ဘောက ပြိုင်​မ​ပြောချင်​​တော့ ​ပြောချင်​စိတ်​ကုန်​​နေပြီ.......။
'ငါတို့က လုပ်​ငန်းပါတနာ​တွေ​လေ....အလိုက်​အထိုက်
တော့​နေ​ပေးရမှာဘဲ....ပြီး​တော့ ငါက Zhang Yixing ဆိုတဲ့မင်းရဲ့တရားဝင်​လက်​ထပ်​ပြီးသား
ဆိုတာ အကုန်​လုံးသိတယ်​......ငါဘယ်​အချိန်​ထိမင်း
ကို​ပြောပြ​နေရအုံးမှာလဲ.....ခုမင်းလုပ်​တာ ​ကောင်းရဲ့လား.....အကုန်​မျက်​နှာပျက်​စရာ​တွေဖြစ်​ကုန်​ပြီ....
ငါတို့ကအရင်​လို က​လေး​တွေမဟုတ်​​တော့ဘူး​နော်​...
မင်းအချိုး​တွေပြင်​ပါ.....'
အင်္ကျီ​တွေကို​ကောက်​ယူကာ အ​ပေါ်ထပ်​တက်​သွား
သော Junကို Yixing အ​တော်​ကြာ​ငေးကြည့်
နေမိသည်​။
ဟုတ်​တယ်​ Jun​ပြောသလို သူတို့နှစ်​​ယောက်​က
လက်​ထပ်​ပြီးသား။ ဒါတိုင်းသိပြည်​သိပါဘဲ....။
ဒါ​ပေမဲ့ Junနားမှာအမြဲကပ်​​နေတဲ့​ကောင်​​တွေကို
Junကသ​ဘောရိုးနဲ့ထား​ပေမဲ့ သူက ဘာဆိုတာ
အကုန်​မြင်​​နေရ​တော့ ဒီလို​တွေဖြစ်​လာတာသူလည်း
မတက်​နိုင်​ပါ.....။
'Jun....​ရေချိုးခန်းထဲမှာလား....အကြာကြီးမ​နေနဲ့​လေ
အ​အေးမိမယ်​......'
ခဏအကြာထွက်​လာ​သော Junကို Yixing တဘက်
တစ်​ထည်​ယူကာ ​ခေါင်း​ရေစိုကိုသုတ်​​ပေးလိုက်​သည်​။
'ငါ​တောင်းပန်​ပါတယ်​....ငါအရမ်းစိုးရိမ်​သွားလို့ပါ...'