❀ 6 ❀
895 102 6
'Jun...'
အနမ်း​ပေးပြီး​နောက်​မှာဘဲ ရက်​နှစ်​ပတ်​​ကြာသည်​ထိ သူ Layကို​ရှောင်​​နေမိသည်​...။
ဘာ​ကြောင့်​မှန်းမသိ​ အပြစ်​ရှိသလိုခံစားရ​သော​ကြောင့်​ သူlayကိုမျက်​နှာချင်းမဆိုင်​ချင်​...။
ခုလည်းသူ့ကိုမြင်​သည်​နှင့်​ ​ခေါ်ကာအ​ပေါ်ထပ်​မှဆင်းလာ​သော lay​ကြောင့်​ သူအပြင်​ထွက်​ရန်
လုပ်​​နေရင်းမှ အခန်ထဲသို့ပြန်​ဝင်​ရန်​ကြိုးစားလိုက်​သည်​....။
သို့​သော့်​ သူမဝင်​ခင်​မှာပင်​အခန်းတံခါးဝတွင်​ ပိတ်​ရပ်​လိုက်​​သောlay​ကြောင့်​ သူ့ထပ်​လှည့်​ထွက်​ရန်​ပြင်​​လိုက်​​တော့ လက်​ကိုဆွဲကာ နံရံ​ပေါ်ကပ်​ခြင်း
ခံလိုက်​ရ​ကာ သူ့​ရှေ့မှ layက​တော့ လက်​နှစ်​ဖက်
ဖြင့်​ပိတ်​ကာ ​ချောင်​ပိတ်​ထား​လေသည်​....။
'ဘာလို့ကျ​နော့်​ကို​ရှောင်​​နေတာလဲ....?'
'......................'
'​ပြောပါ.....ဘာလို့ကျ​နော့်​ကိုဒီ​လောက်​​တောင်​မ​တွေ့ချင်​ရတာလဲ.....ဘာလဲ...?ဟိုးတစ်​​နေ့ညက
လုပ်​လိုက်​တဲ့ကိစ္စ​ကြောင့်​လား....kiss'
'​တော်​​တော့..!.lay.......ငါတစ်​​ယောက်​ထဲ​နေပါရ​စေ.....အရမ်းစိတ်​ရှုပ်​လွန်းလို့....!.'
သူ​အော်​​ပြောလိုက်​မိ​တော့ သူ့​ဘေးနံရံ​ပေါ်​ထောက်​ထားသည့်​လက်​များက ​လျှော့ကျသွား
သည်​နှင့်​ သူထွက်​လိုက်​ကာ အခန်းထဲဝင်​ခါနီး.....
'ကျ​နော်​က Junရဲ့ အရင်​​ယောကျာ်း Yixing
နဲ့တူလို့လား.....? ဟုတ်​လား...!?'
သူခဏရပ်​သွားပြီး ဘာမှပြန်​မ​ဖြေဘဲအထဲဝင်​​တော့ အခန်းထဲထိ lay၏အသံစူးစူးကကပ်​ညှိ
လိုက်​ပါ​နေဆဲ....။
'အဲဒါ​ကြောင့်​ ကျ​နော်​ကိုအရမ်းစိတ်​ရှုပ်​စရာလို့မြင်​​နေတာလား.....!?'
တံခါးကိုမှီလိုက်​ရင်း ထိုင်​ချလိုက်​မိသည်​။
သူခုအချိန်​မှာ စိတ်​ရှုပ်​​နေတယ်​...ဘာ​ကြောင့်​လဲမ​မေးနဲ့ သူကိုယ်​တိုင်​​တောင်​မသိ.....။
'hyung.. ..ဘာဖြစ်​​နေတာလဲ..?လာကတည်းက စိတ်​နဲ့လူနဲ့လည်းမကပ်​ဘူးရယ်​...'